SJ WorldNews - шаблон joomla Авто

ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားစေရန် လုပ်ဆောင်သည် ဟူသော အမေရိကန်၏ စွပ်စွဲချက်ကို အီရန်ငြင်းဆို

Thursday, 07 December 2017 13:28 font size decrease font size decrease font size increase font size increase font size

ဘေရွတ် ဒီဇင်ဘာ ၆

အီရန်နိုင်ငံသည် ဒေသတွင်းတည်ငြိမ်မှု ပျက်ပြားစေရန် လုပ်ဆောင်နေသည် ဟူသော အမေရိကန် ပြည် ထောင်စု၏ စွပ်စွဲပြောဆိုနေမှုကို အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၆ ရက်တွင်ငြင်းဆိုလိုက်ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားသည်။ အီရန်သည် လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာများကို ထောက်ခံအားပေးခြင်းဖြင့် လည်းကောင်း၊ ယီမင်နိုင်ငံရှိ ဟူသီသူပုန်များအား ဒုံးကျည်များ ထောက်ပံ့ပေးခြင်း ဖြင့်လည်းကောင်း၊ ဆီးရီးယားနိုင်ငံ သို့ စစ်လက်နက်ပစ္စည်းများနှင့် ပြည်သူ့စစ် တိုက်ခိုက်ရေး သမားများ စေလွှတ်ခြင်းဖြင့် လည်းကောင်း ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေမည့် အပြုအမူများကို လုပ်ဆောင်လျက်ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆန်က ဒီဇင်ဘာ ၅ ရက်တွင် စွပ်စွဲ ပြောဆိုထားခြင်းဖြစ်သည်။ အခြေအမြစ်မရှိသော စွပ်စွဲမှုများနှင့် လိမ်လည်မှုများသည် အမေရိကန် ပြည်ထောင်စုက အီရန်နှင့် ဒေသတွင်း၌ လွန်ခဲ့သော ၁ဝ စုနှစ်များတွင် ကျူးလွန်ခဲ့ သည့် ကြီးမားပြီး မဟာဗျူဟာ မြောက်အမှားများကို ကူညီဖြေရှင်းပေးနိုင်မည် မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဘာရမ်ကာဆီမီကပြောသည်။ ထို့ပြင် တေလာဆန် အနေဖြင့် ကျန်ရှိနေသည့် အ ချိန်အတွင်း သိန်းနှင့်ချီသော အမျိုးသမီးများ၊ ကလေးငယ်များနှင့် ပြည်သူများသေဆုံးမှုနှင့် မတည်ငြိမ်မှုများ ဖြစ်ပေါ်စေခဲ့ သည့် အမေရိကန်၏ မူဝါဒများအပြင် ဒေသတွင်း၏ သမိုင်းကြောင်းနှင့် လက်တွေ့အဖြစ်မှန် အခြေအနေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် လုပ်ဆောင်သင့်ကြောင်း ၎င်းကဆက်ပြောသည်။ အီရန်အနေဖြင့် ၂ဝ၁၅ ခုနှစ် တွင်လက်မှတ်ထိုးခဲ့သော နျူကလီးယား သဘောတူ စာချုပ်ပါ အချက်များကို လေးစားလိုက်နာသင့်ကြောင်း တေလာဆန်က ဒီဇင်ဘာ ၅ ရက်တွင် ဘရပ်ဆဲမြို့သို့ သွားစဉ် ပြောထားခြင်းဖြစ်သည်။

Read 4 times Last modified on Thursday, 07 December 2017 13:35