SJ WorldNews - шаблон joomla Авто

IS စစ်သွေးကြွများ၏ ပစ်မှတ်ဖြစ်လာသည့် အီရန်

Sunday, 13 August 2017 12:14 font size decrease font size decrease font size increase font size increase font size

အရှေ့အလယ်ပိုင်း၌ အင်အားကြီး နိုင်ငံတစ်နိုင်ငံအဖြစ် ထွက်ပေါ်လာသည့် အီရန်သည် ယခုအခါ IS စစ်သွေးကြွ အ ဖွဲ့၏ တိုက်ခိုက်မှုများ ပြုလုပ်ရာ   ပစ်မှတ်တစ်ခုအဖြစ် ထွက်ပေါ်လာသည်ကို တွေ့ရသည်။

အီရန်သည် ပြည်တွင်းစစ်ဒဏ်ကို မချိမဆံ့ ခံနေရသည့်အပြင် စစ်သွေးကြွများ၏ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည့် ဆီးရီးယား၏ မဟာမိတ်အဖြစ် ရပ်တည်နေသော နိုင်ငံဖြစ်သည်။ ပြည်တွင်းစစ်နှင့် အကြမ်းဖက် အဖွဲ့တို့အား တိုက်ခိုက်နေသည့် ဆီးရီးယား အစိုးရတပ်များကို အကူအညီ ပေးနေသည့်အပြင် အကြမ်းဖက်နှိမ်နင်းရေးတွင် လည်း ပုန်းလျှိုးကွယ်လျှိုးတစ်မျိုး၊ ပေါ်ပေါ်ထင်ထင်တစ်ဖုံ ပါဝင်နေမှုကြောင့် စစ်သွေးကြွအဖွဲ့၏ အာရုံစိုက်မှုကို သာမ ကမျက်စိစပါးမွေးစူးခြင်းကိုပါ ခံလာရပြီဖြစ်သည်။

ထို့ကြောင့် အရှေ့အလယ်ပိုင်း ဒေသတွင် အစ္စလာမ်မစ် နိုင်ငံတစ်နိုင်ငံ ထူထောင်ရန် ကြိုးပမ်းနေသည့် IS စစ်သွေး ကြွအဖွဲ့အတွက် အီရန်သည် အဟန့်အတားတစ်ခု ဖြစ်လာပြီး ယင်းနိုင်ငံအစိုးရသည် ဒေသတွင်း၌ လူတွင်ကျယ်လုပ် နေသည်ဟု စစ်သွေးကြွ များက ယူဆလာဖွယ်ရှိသည်။ အီရန်ကို ၎င်းတို့အဖွဲ့၏ရန်သူ၊ ဆူးငြောင့်ခလုတ်အဖြစ် သတ် မှတ်လာသည်။ ထို့ပြင် ဆီးရီးယားအရေးတွင် အီရန်ကဝင်ရောက် စွက်ဖက်မှုကို တုံ့ပြန်သည့်အနေဖြင့် စစ်သွေးကြွအ ဖွဲ့သည် မြို့တော်တီဟီရန်ရှိ အထင်ကရ နေရာ များဖြစ်သော ပါလီမန် အဆောက်အအုံနှင့် အေရာတိုလာခိုမေနီ အထိမ်းအမှတ် ဂူဗိမာန်တို့၌ ဇွန် ၇ ရက်က တိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများအတွင်း အနည်းဆုံး လူ ၁၈ ဦးသေဆုံးသွားသည်။ အီရန်အစိုးရကလည်း  ယင်းတိုက် ခိုက်မှုများသည် မည်သည့်အဖွဲ့၏ လက် ချက်ဖြစ်သည်ကို ရိပ်မိပုံရှိသည်။

ယင်းတိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့် အနေဖြင့် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့က ဆီးရီးယားရှိ IS စစ်သွေး ကြွများ၏ အခြေစိုက်စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြို့တော်၌ ဖြစ်ပွားသည့် အကြမ်းဖက် တိုက် ခိုက်မှုများတွင် ပါဝင်သည် ဟု ယူဆရသူအများအပြားနှင့် စစ်သွေးကြွအဖွဲ့နှင့် ဆက်နွှယ်နေသူ အများအပြားကို အီရန် အစိုးရက မြေလှန်၍ ဖမ်းဆီးခဲ့သည်။

သို့သော် စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ ရပ်တန့်နိုင်မည် မဟုတ်ပေ။ အကြောင်းမှာ IS စစ်သွေးကြွ အဖွဲ့က တီ ဟီရန်မြို့တော်၌ အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်းက လူသိရှင်ကြား ပြော ကြားလိုက်သည်။ စစ်သွေးကြွများသည် အီရန်အစိုးရအား ခြိမ်းခြောက်ထားသည့် ဗီဒီယိုပြ ကွက်တစ်ခုကို ထုတ်ဖော်ပြ၍ အီရန်အား ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

Read 55 times Last modified on Sunday, 13 August 2017 12:16