SJ WorldNews - шаблон joomla Авто

အာရှ-ပစိဖိတ် ဒေသဗဟိုပြုရေးကို လုံးဝစွန့်လွှတ်ခြင်း မရှိသေးကြောင်း ပြသလိုက်သည့် အမေရိကန်

Sunday, 13 August 2017 12:06 font size decrease font size decrease font size increase font size increase font size

တောင်တရုတ် ပင်လယ်အတွင်းရှိ အငြင်းပွား ရေပိုင်နက်အနီးသို့ အမေရိကန် ဖျက်သင်္ဘောတစ်စင်း  ဝင်ရောက်လာ ခြင်းသည် အမေရိကန် အစိုးရအနေဖြင့် တခြားကမ္ဘာ့ရေးရာများတွင် ပါဝင်လျက်ရှိသော်လည်း အာရှ-ပစိဖိတ်ဒေသ ဗဟိုပြုရေးကို  လုံးဝစွန့် လွှတ်ခြင်း မရှိသေးကြောင်း ပြသလိုက်ခြင်းဟု ဆိုနိုင်သည်။

အမေရိကန် ဖျက်သင်္ဘော USS John S. McCain သည် သြဂုတ် ၁ဝ ရက်က စပရတ် တလေကျွန်းစု အနီးရှိ ကျွန်း တုများအနီး ရေမိုင် ၁၂ မိုင်အကွာမှနေ၍ ဝင်ရောက်မောင်း နှင်ခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စအပေါ် တရုတ်အစိုးရက ဝေဖန် လိုက်သည်။ ယင်းကျွန်းတုကို တရုတ်နိုင်ငံက တည်ဆောက်ထားခြင်းဖြစ်ပြီး အဆိုပါ ရေပိုင်နက်ကို အငြင်းပွား ရေပိုင် နက်ဟု ဆိုထားကြသော်လည်း တရုတ်အစိုးရက ယင်းရေပိုင်နက်သည် ၎င်းတို့ပိုင်ဖြစ်ကြောင်း ပြောသည်။

ထို့ကြောင့် အမေရိကန်၏ လုပ်ဆောင်ချက်သည် နိုင်ငံ၏ အချုပ်အခြာ ပိုင်ဆိုင်မှုကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း တရုတ်အစိုးရက သဘောထားပြီး အမေရိကန် အစိုးရအနေဖြင့် ရန်စသည့် လုပ်ဆောင်ချက် အားလုံးကို ရပ်တန့်ပစ်ရန် တရုတ်ကာကွယ်ရေး ဝန်ကြီး ဌာနက တုံ့ပြန်ပြောကြားလိုက်သည်။ သို့ရာတွင် အငြင်းပွား ရေပိုင်နက်အတွင်းသို့  ဝင် ရောက်ခြင်းသည် လွတ်လပ်စွာ ရေကြောင်းသွားလာမှုကို ထိန်းသိမ်းသည့် လုပ်ဆောင်ချက်သာ ဖြစ်ကြောင်း အမေရိကန်က ပြောသည်။ 

တောင်တရုတ်ပင်လယ် အတွင်းသို့ အမေရိကန် စစ်သင်္ဘောများ ဝင်ရောက်လာခြင်းနှင့် စပ်လျဉ်း၍ တရုတ်နှင့် အမေရိ ကန်တို့ကြား မကြာခဏ တင်းမာမှု ဖြစ်နေသည်ကိုတွေ့ ရသည်။ အလားတူ ယခုနှစ် ဇူလိုင်လ အတွင်းကလည်း  အမေရိကန် ရေတပ်မှ ပဲ့ထိန်း ဒုံးကျည်တပ်ဖျက် သင်္ဘောတစ်စင်းဖြစ်သည့် USS Stethem သည် တောင်တရုတ် ပင်လယ်အတွင်းရှိ ပါရာဆဲလ် ကျွန်းစုအနီးမှ ဖြတ်သန်းမောင်းနှင်ခြင်းကို တရုတ်အစိုးရက အပြင်းအထန် ကန့်ကွက်ခဲ့ သည့်အပြင် အဆိုပါ လုပ်ဆောင်ချက်သည် တရုတ်ဥပဒေကို သာမက နိုင်ငံတကာ ဥပဒေကိုပါ ချိုးဖောက်ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။ တောင်တရုတ် ပင်လယ်ရေပိုင်နက် အငြင်းပွားမှုကို ကြည့်မည်ဆိုပါက တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံတချို့နှင့် အငြင်းပွားလျက်ရှိသည်။

အဓိကရေကြောင်း ဆက်သွယ်ရေးလမ်း ဖြစ်သည့်အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ အပါအဝင် သဘာဝအရင်းအ မြစ်များ ပေါကြွယ်ဝသည်ဟု ယူဆရသည့် တောင်တရုတ် ပင်လယ်အတွင်းရှိ ရေပိုင်နက်များကို ၎င်းတို့ပိုင်အဖြစ်  ထုတ်ပြန်ကြေညာထားသည်။  သို့ေ သာ်  အဆိုပါ ထုတ်ပြန်ချက်သည် တရုတ်နိုင်ငံက တစ်ဖက်သတ်ထုတ်ပြန်သည့် ထုတ်ပြန်ချက်သာဖြစ်ကြောင်း အငြင်းပွားမှုတွင် ပါဝင်နေသော နိုင်ငံများက ယူဆထားသည်။ ထို့ပြင် တရုတ်နိုင်ငံ သည် နိုင်ငံတချို့က ကန့်ကွက်နေသည့်ကြားမှ အငြင်းပွားရေပိုင်နက် အတွင်း၌ ကျွန်းတုများကိုပါ ဆောက်လုပ်နေသည်။

ကျွန်းတုများ ဆောက်လုပ်ခြင်း၏ ရည်ရွယ်ချက်မှာ အရပ်ဘက် အသုံးပြုရန် ဖြစ်ကြောင်း တရုတ်အစိုးရက ဆိုထား သော်လည်း တရုတ်နိုင်ငံသည် အဆိုပါ ကျွန်းတုများကို တစ်ချိန်ချိန်တွင် ကာကွယ်ရေးအတွက် အသုံးပြုရန် ပြင်ဆင် နေသည်ဟု တချို့နိုင်ငံများက ယူဆနေသည်။ အမေရိကန် အစိုးရသည် ရေပိုင်နက်အငြင်းပွားမှုတွင် မပါဝင်သော် လည်းအဆိုပါ ရေပိုင်နက်ကို နိုင်ငံများက လွတ်လပ်စွာ အသုံးပြုခွင့်ရှိသည်ဟုဆိုကာ ရေပိုင်နက်အတွင်း ကင်းလှည့် ခြင်းနှင့် သင်္ဘောဝင် ရောက်မောင်းနှင်ခြင်းကို ပြုမြဲပြုလျက် ရှိသည်။ သို့သော် အဆိုပါ လုပ်ဆောင်ချက်များကို တရုတ် နိုင်ငံက ရန်စမှုဟု ယူဆထားဖွယ်ရှိသောကြောင့် တောင်တရုတ် ပင်လယ်အတွင်းသို့ အမေရိကန် စစ်သင်္ဘောများ ဝင် ရောက်လာခြင်းသည် အင်အားချဲ့ထွင်ရန် ကြိုးပမ်းနေသည့် တရုတ်အတွက်စိတ် အနှောင့်အယှက်များ ထပ်မံဖြစ်ပေါ် စေမည်သာဖြစ်သည်။

Read 206 times Last modified on Sunday, 13 August 2017 12:16