SJ WorldNews - шаблон joomla Авто

တင်းမာမှုကိုမြင့်တက်လာစေနိုင်သည့် တောင်ကိုရီးယား၌ ထပ်မံဖြန့်ကြက်မည့် ဒုံးကျည် စနစ်များ

Sunday, 10 September 2017 16:42 font size decrease font size decrease font size increase font size increase font size

တောင်ကိုရီးယားနိုင်ငံ၌ ထပ်မံဖြန့်ကြက်မည့်ဒုံးကျည်စနစ်များသည် ဒေသတွင်းတင်းမာမှုကို ပိုမိုမြင့်တက်လာစေနိုင်သည့်အခြေအနေတွင်ရှိနေသည်။တောင်ကိုရီးယားအစိုးရသည် မြောက်

ကိုရီးယားနိုင်ငံက နျူကလီးယားစမ်းသပ်မှုကို တုံ့ပြန်သည့်အနေဖြင့် နိုင်ငံအတွင်း THAAD ဒုံးကျည်စနစ်လေးခုကို ဖြန့်ကြက်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ အဆိုပါဒုံးကျည်များကို နိုင်ငံ၏ မြောက်ပိုင်းတွင်ထပ်မံဖြန့်ကြက်မည်ဖြစ်ပြီး ယင်းလုပ်ဆောင်ချက်သည် မြောက် ကိုရီးယားနိုင်ငံ၏ဒုံးကျည်အန္တရာယ်ကို ကာကွယ်ရန်ပင်ဖြစ်သည်ဟု ဒေသတွင်းမီဒီယာတစ်ခု ဖြစ်သည့်ယွန်ဟပ်သတင်းအေဂျင်စီက စက်တင်ဘာ၆ ရက်တွင် ထုတ်ပြန်ထားသည်ကို တွေ့ ရသည်။

တောင်ကိုရီးယားအစိုးရသည် အဆိုပါဒုံးကျည်စနစ်များကို ဂျုန်ဆန်ပြည်နယ်အတွင်းရှိ ဆုန်ဂျူး စစ်အခြေစိုက်စခန်းသစ်၌ ဖြန့်ကြက်မည်ဟု ကာကွယ်ရေးဝန်ကြီးဌာနကကြေညာထားသည်။ သို့သော် တောင်ကိုရီးယားပြည်သူများသည် အမေရိကန်၏ ယင်းဒုံးကျည်စနစ်များကို တောင်

ကိုရီးယားနိုင်ငံအတွင်း ဖြန့်ကြက်ရန်ဆုံးဖြတ်ခဲ့မှုကို ယခင်ကလည်း ဆန့်ကျင်ကန့်ကွက် ခဲ့ကြသည်။ နိုင်ငံအတွင်း ဖြန့်ကြက်သည့်ဒုံးကျည်စနစ်များသည် ကိုရီးယားကျွန်းဆွယ် အပေါ်တွင် တင်းမာမှုများကိုပို၍မြင့်တက်လာစေမည်ဟု ၄င်းတို့ကယူဆနေကြသည်။ ထို့ပြင် ယင်းဒုံးကျည်စနစ်များကို တောင်ကိုရီးယားနိုင်ငံ၌ ဖြန့်ကြက်မည့်အစီအစဉ်ကို တရုတ်နိုင်ငံက ကန့်ကွက်လျက်ရှိသကဲ့သို့ အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့် ရုရှားကလည်းသဘော မကျပေ။ တစ်နည်းအားဖြင့်တောင်ကိုရီးယားနိုင်ငံ၌ ဖြန့်ကြက်မည့် THAAD ဒုံးကျည် စနစ်များသည် ၄င်းတို့၏ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်ပေါ်စေသည့်အပြင် အိမ်နီး ချင်းနိုင်ငံများ၏ကာကွယ်ရေးစနစ်များကိုပါ ထောက်လှမ်းနိုင်မည်ကို တရုတ်နှင့် ရုရှားတို့ကစိုးရိမ်နေကြသည်။

THAAD  ဒုံးကျည်စနစ်များအား တောင်ကိုရီးယားနိုင်ငံ၌ ဖြန့်ကြက်မည့်အစီအစဉ်ကို အမေရိကန်နှင့်တောင်ကိုရီးယားအစိုးရတို့က ၂ဝ၁၆ ခုနှစ်အတွင်း ပဲ့ထိန်းဒုံးကျည်နှင့် နျူကလီးယားစမ်းသပ်မှုများကြောင့်ကိုရီးယားကျွန်းဆွယ်ပေါ်၌ တင်းမာမှုများမြင့်တက်နေစဉ် သဘော တူခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် တောင်ကိုရီးယားနိုင်ငံ၌ THAAD ဒုံးကျည်များ တိုးမြှင့်ဖြန့်ကြက်ခြင်းသည် နျူကလီးယားဘေးကျပ်နံကျပ်အခြေအနေကို ပိုမိုဆိုးရွားလာစေနိုင်ပြီး ရန်စမှုကိုပိုမိုဖြစ်လာ စေနိုင်သည်ဟု တရုတ်နှင့်ရုရှားတို့က ပြောကြားထားရာ တောင်ကိုရီးယားအစိုးရက ဖြန့်ကြက် ရန်ဆုံးဖြတ်လိုက်သည့် ယင်းဒုံးကျည်စနစ်များသည်မြောက်ကိုရီးယားက လုပ်ဆောင်လာမည့်

ဒုံးကျည်စမ်းသပ်မှုများကိုလျှော့ချနိုင်ခြင်းမရှိသည့်အပြင် တင်းမာမှုများ ပိုမိုမြင့်တက်လာစေနိုင် သည့် အခြေအနေတွင်ရှိနေသည်။

 

(Ref: Sputnik, Express)

Read 110 times Last modified on Sunday, 10 September 2017 16:49