SJ WorldNews - шаблон joomla Авто

စစ်သွေးကြွများကို တိုက်ခိုက်နေသည့် ဖိလစ်ပိုင်စစ်သည်များ အတွက် တရုတ် အစိုးရက ပီဆို ငါးသန်းပေးအပ်

Thursday, 07 September 2017 10:01 font size decrease font size decrease font size increase font size increase font size

မနီလာ  စက်တင်ဘာ ၆

တရုတ် အစိုးရသည် မာရာဝီမြို့တွင် အကြမ်းဖက် စစ်သွေးကြွများကို တိုက်ခိုက်နေသည့် အစိုးရတပ်မှ စစ်သည်များ အတွက်ပီဆိုငါးသန်းကို   ပေးအပ်လှူဒါန်းကြောင်း

ဖိလစ်ပိုင် စစ်ဘက်က စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်သည်။ တရုတ်အစိုးရသည် အဆိုပါ လှူဒါန်းငွေကို ဖိလစ်ပိုင် ဗိုလ်ချုပ်ကြီး အီဒူယာဒိုအာနိုထံသို့ ဖိလစ် ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံ အ မတ်ကျောင်ကျာဟွာမှတစ်ဆင့် စက်တင်ဘာ ၅ ရက်တွင် လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်သည်။

မာရာဝီတိုက်ပွဲတွင်ကျဆုံး သို့မဟုတ်ဒဏ်ရာရရှိခဲ့သည့်စစ်သည်များအတွက် ဖိလစ်ပိုင်အစိုးရ က လက် ခံရရှိသည့် ထောက်ပံ့ငွေပမာဏမှာ ပီဆို ၃၈ ဒသမ ၁ သန်းခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံသည် မာရာဝီမြို့ပြန်လည်ထူထောင်ရေးများ၊ အထူးသဖြင့် အင်ဂျင်နီယာသုံး စ္စည်းကိရိယာများအတွက်၂ဝ၁၇ ခုနှစ်မကုန်မီ  ပီဆို ၁၅ သန်းကို ပေးအပ်သွားမည်ဟု တရုတ် သံ အ မတ်ကြီးက ပြောသည်။

Read 138 times Last modified on Thursday, 07 September 2017 10:57