SJ WorldNews - шаблон joomla Авто

အီရန်၏ နျူကလီးယားပစ်မှတ်များကို အမေရိကန်က နောက်လတွင် စတင်တိုက်ခိုက်ရန် အသင့်ဖြစ်ဖွယ်ရှိဟုဆို

Saturday, 28 July 2018 13:11 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်  ဇူလိုင်  ၂၇

အမေရိကန်အစိုးရ အနေဖြင့်   အီရန်၏ နျူကလီးယား ပစ်မှတ်များကို နောက်လအစောပိုင်းတွင် စတင်တိုက်ခိုက်ရန် အသင့်ဖြစ်ဖွယ်ရှိသည်ဟု သြစတြေးလျ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ အမေရိကန်သတင်း ဌာနတစ်ခုက  ဇူလိုင် ၂၇ ရက်တွင်ဖော်ပြသည်။

အီရန်၏ နျူကလီးယား ပစ်မှတ်များကို ရှာဖွေဖော်ထုတ်ရာတွင် သြစတြေးလျနှင့် ဗြိတိန်တို့မှ ထောက်လှမ်းရေးနှင့် ကာကွယ်ရေးအဖွဲ့များက အမေရိကန်အစိုးရအား  အကူအညီ ပေးနိုင်ဖွယ် ရှိကြောင်း ABC သတင်းဌာနက ဖော်ပြသည်။

အမေရိကန်နှင့် အီရန်တို့အကြား မကြာသေးမီရက်များအတွင်း အပြန်အလှန် စကားစစ်ထိုးမှုများ ဖြစ်ပေါ်ကာ အမေရိကန်အစိုးရ အနေဖြင့် အန္တရာယ်နှင့် မကစားရန် အီရန်သမ္မတ ဟက်ဆန်ရူဟာနီက  ပြီးခဲ့သည့် ရက်သတ္တပတ်တွင်  သတိပေးထားသည်။

အီရန်မှ ရေနံဝယ်ယူနေခြင်းကို ရပ်တန့်ရန် မဟာမိတ်နိုင်ငံများအား ယခုနှစ်နိုဝင်ဘာလတွင် ဖျောင်းဖျမည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး   မိုက်ပွန်ပီယိုက ပြောပြီးနောက် ရူဟာနီ၏ အဆိုပါပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ် သည်။ တစ်ချိန်တည်းမှာပင် အီရန်အနေဖြင့်  အမေရိကန်အပေါ် ခြိမ်းခြောက်မှုများ   ဆက်လက် လုပ်ဆောင်မည်ဆိုပါက ဆိုးရွားသည့်  အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဟု ထရမ့်က တုံ့ပြန်ထားသည်။

အီရန်နျူကလီးယား သဘောတူစာချုပ်မှ အမေရိကန်အစိုးရက ယခုနှစ်မေလတွင် နုတ်ထွက်ပြီးနောက် အီရန်အပေါ်ပိတ်ဆို့မှုများ ပြန်လည်ချမှတ်လိုက်ခြင်းကြောင့် အမေရိကန်နှင့် အီရန်တို့အကြား တင်းမာနေသည့် ဆက်ဆံရေးသည် ပိုမိုဆိုးရွားလာခြင်း ဖြစ်ကြောင်း သိရသည်။

Read 57 times Last modified on Saturday, 28 July 2018 13:12