SJ WorldNews - шаблон joomla Авто

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်ခန်းများ အချိန် အကန့်အသတ်မရှိ ရပ်ဆိုင်း

Sunday, 24 June 2018 10:07 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်   ဇွန်  ၂၃

အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်မှုကို  အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းရန် သဘောတူညီကြောင်း ပင်တဂွန်စစ်ဌာနချုပ် ကထုတ်ပြန်သည်။

အမေရိကန်နှင့်တောင်ကိုရီးယား အစိုးရအဖွဲ့တို့သည် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲရလဒ်များကို   အကောင်အထည်ဖော်ရာတွင်  အထောက်အကူပြုစေရေးအတွက်  ပူးတွဲစစ်ရေး လေ့ကျင့်မှု များ အနက် ရွေးချယ်ထားသည့် လေ့ကျင့်မှုများကို ရပ်ဆိုင်းထားရန်    သဘောတူခြင်းဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ   ပြောရေးဆိုခွင့်ရှိသူ ဒါနာဝှိုက်က ဇွန် ၂၂ ရက်တွင် ပြောသည်။

ရပ်ဆိုင်းလိုက်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများတွင် မကြာမီပြုလုပ်မည့် ဖရီးဒမ်းဂါဒီယံနှင့်  တောင်ကိုရီးယား ကမ်းတက်တပ်ဖွဲ့ ၏ အပြန်အလှန် လေ့ကျင့်ရေး အစီအစဉ်တို့ ပါဝင်ကြောင်း ဒါနာဝှိုက်က ဆိုသည်။

နောက်သုံးလအကြာတွင် ပြုလုပ်ရန် စီစဉ်ထားသည့် အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်ခန်း နှစ်ခုရပ်ဆိုင်းခြင်းကို တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက  အတည်ပြုထားသည်။ ယင်းသို့ရပ်ဆိုင်းခြင်းသည် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲ အပြီးတွင် အမေရိကန်နှင့်တောင်ကိုရီးယား တို့၏ နောက်ဆက်တွဲ ဆောင်ရွက်ချက်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့်နှစ်တွင် ပြုလုပ်သည့် ဖရီးဒမ်းဂါဒီယံ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွင်အမေရိကန်စစ်သည် ၁၇၅ဝဝ နှင့် တောင်ကိုရီးယား စစ်သည် ၅ဝဝဝဝ ခန့်ပါဝင်ကာ လေ့ကျင့်မှု အများစုကို မြေပြင် တွင်ပြုလုပ်ခြင်းထက် ကွန်ပျူတာဖြင့် သဏ္ဌာန်တူ ဖန်တီးလေ့ကျင့်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်အစိုးရက တောင်ကိုရီးယားနှင့် လုပ်ဆောင်မည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းသည် မဟာမိတ်နိုင်ငံများ၊ စစ်ဘက်အရာရှိများနှင့် လွှတ်တော်အမတ်များကို ခေါင်းခြောက်စေခဲ့ကြောင်း သိရသည်။

Read 72 times Last modified on Sunday, 24 June 2018 10:09