SJ WorldNews - шаблон joomla Авто

စစ်သည်တစ်ဦး အသတ်ခံရမှုဖြင့် ပါလက်စတိုင်း ဒုက္ခသည် စခန်းကို အစ္စရေး စစ်ဘက် ဝင်ရောက် စီးနင်း

Tuesday, 29 May 2018 12:08 font size decrease font size decrease font size increase font size increase font size

ရာမယ်လာ မေ ၂၈

အစ္စရေးစစ်သည်တစ်ဦး အသတ်ခံရမှုနှင့် စပ်လျဉ်း၍ သံသယရှိသူများကို ရှာဖွေရန် အစ္စရေးစစ်ဘက်က မေ ၂၈ ရက်တွင် အနောက်ဘက်ကမ်းခြေဒေသရှိ ပါလက်စတိုင်း ဒုက္ခသည်စခန်းကို ဝင်ရောက်စီးနင်းရှာဖွေ သည်။

အစ္စရေးတပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာသည် မေ ၂၈ ရက်အစောပိုင်းတွင် ရာမယ်လာမြို့ရှိ အေမာရီဒုက္ခသည် စခန်းသို့ဝင်ရောက်ပြီး ဝင်ပေါက်အားလုံးကို ပိတ်ဆို့ကာ သံသယ ရှိသူများကို စီးနင်းရှာဖွေကြောင်း AFP သတင်းဌာနမှ သတင်းထောက်များက ပြောသည်။ ထိုကဲ့သို့ စီးနင်းရှာဖွေမှုအတွင်း ပဋိပက္ခ ဖြစ်ပွားရာ အစ္စရေးစစ်သည်များက မျက်ရည် ယိုဓာတ်ငွေ့နှင့် ကျည်ဆန်များအသုံးပြု၍ ဖြိုခွင်းသဖြင့် ပါလက်စတိုင်းဒုက္ခသည် ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိကြောင်း ပါလက်စတိုင်း ကျန်းမာရေး ဝန် ကြီးဌာနက ပြောသည်။

ပါလက်စတိုင်း ဒုက္ခသည်များစွာကို ဖမ်းဆီးခေါ်ဆောင်သွားသော်လည်း အစ္စရေးစစ်ဘက်မှ တိကျသော အစီရင်ခံစာကို ချက်ချင်းထုတ်ပြန်ခြင်း မရှိဟု ဒေသခံတစ်ဦးက ပြော သည်။ အဆိုပါဒုက္ခသည်စခန်းအတွင်း ပြုလုပ်သော စီးနင်းမှုတစ်ခုအတွင်း အစ္စရေးစစ်သည် တစ်ဦးသေဆုံးပြီးနောက် ရက်ပိုင်းအတွင်း အစ္စရေး စစ်ဘက်က ၎င်းစစ်သည်ကို သတ်သည့် သံသယရှိသူများကို ရှာဖွေရန် စီးနင်းမှုကို ထပ်မံပြုလုပ်ခြင်းဖြစ်သည်။

အစ္စရေးစစ်ဘက်၏ အထူးတပ်ဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိ ရိုနန်လူဘာစကိုင်းသည် မေ ၂၄ ရက်တွင် ပြုလုပ်သောစီးနင်းမှုအတွင်း ကျောက်တုံးကြီးဖြင့် ပစ်ပေါက်ခံရမှုကြောင့် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိပြီး မေ၂၆ ရက်အစောပိုင်းတွင် ယင်းဒဏ်ရာဖြင့်ပင် သေဆုံးခဲ့သည်။ ရိုနန်လူဘာစကိုင်း၏ ဦးခေါင်းကိုထိမှန်သည့် ကျောက်တုံးသည် နှမ်းဖတ်ေ ကျာက်တုံးဖြစ်ပြီး ဒုက္ခသည်စခန်း အဆောက်အအုံ၏ တတိယထပ်ပြတင်း ပေါက်မှ ပြုတ်ကျလာခြင်း ဖြစ်ကြောင်း အစ္စရေးသတင်းထောက်များက ပြောသည်။

Read 1564 times Last modified on Tuesday, 29 May 2018 12:15