SJ WorldNews - шаблон joomla Авто

တူရကီစစ်ဘက်က အာဖရင်မြို့ လယ်ကောင်ကို ဝိုင်းရံထားပြီး ဖြစ်ဟုဆို

Wednesday, 14 March 2018 10:03 font size decrease font size decrease font size increase font size increase font size

အန်ကာရာ မတ် ၁၃

တူရကီကလုပ်ဆောင်နေသော Operation Olive Branch အမည်ရှိ ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း ကားဒစ်တပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသည့် အာဖရင်မြို့လယ်ကောင်ကို တူရကီစစ်ဘက်တပ်ဖွဲ့ဝင်များက ဝိုင်း ပတ်ပိတ်ဆို့ထားပြီးဖြစ်ကြောင်း တူရကီစစ်ဦးစီးချုပ်က ပြောသည်။

အဆိုပါ စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် တူရကီတပ်ဖွဲ့ဝင်များသည် မတ် ၁၂ ရက်တွင် အာဖရင် မြို့လယ်ကောင်ကို ဝိုင်းရံထားပြီး မဟာဗျူဟာအရ အရေးကြီးနေရာများကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း တူရကီစစ်ဘက်ကထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။ တူရကီစစ်ဘက် တပ်ဖွဲ့နှင့် လွတ်လပ်သော ဆီးရီးယား တပ်မတော်တို့သည် အာဖရင် ဒေသသို့ ချီတက်လာပြီဖြစ်ေ ကြာင်း၊ မြို့လယ်၏ အရှေ့တောင်ဘက် ၁ ဒသမ ၅ ကီလိုမီတာ အကွာ၌ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ဘက်သတင်း အရင်း အမြစ်များ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Anadolu သတင်းဌာနက မတ် ၁၂ ရက် တွင်ဖော်ပြထားသည်။

ထို့ပြင် အာဖရင်ဒေသရှိ စတုရန်းကီလိုမီတာ ၁၁ဝဝ အတွင်း ကားဒစ်တပ်ဖွဲ့ဝင်များကို တူရကီတပ်ဖွဲ့ဝင်များက ချေမှုန်းထားနိုင်ပြီဖြစ်ကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြထားသည်။ တူရကီစစ်ဘက်သည် လွတ် လပ်သောဆီးရီးယား တပ်မတော်နှင့် ပူးပေါင်း၍ တူရကီဆီးရီးယားနယ်စပ်ရှိ အကြမ်းဖက်သမားများ၏ ခြိမ်း ခြောက်မှုများကို ကာကွယ်ရန်အတွက် ဇန်နဝါရီ ၂ဝ ရက်မှစ၍ အဆိုပါ စစ်ဆင်ရေးကို စတင်လုပ်ေ ဆာင်ခဲ့ ခြင်းဖြစ်သည်။

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ကားဒစ်နိုင်ငံရေး ပါတီဖြစ်သော ဒီမိုကရက်တစ် ယူနီယံပါတီ (PYD)နှင့် ကား ဒစ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(YPG) တို့သည် တူရကီအစိုးရက အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ် ထားသည့်ကာဒစ်စတန် အလုပ်သမားပါတီ (PKK)နှင့် ဆက်နွှယ်နေသည်ဟု တူရကီက မှတ်ယူထားသည်။ သို့သော် ယခုပြုလုပ်သည့် ထိုးစစ်ဆင်မှုသည် ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော်ရာ ရောက်သည်ဟု ဆီးရီးယား အစိုးရက ပြစ်တင်ရှုတ်ချထားသည်။

Read 257 times Last modified on Wednesday, 14 March 2018 13:26