SJ WorldNews - шаблон joomla Авто

ဖိလစ်ပိုင်အစိုးရက ကွန်မြူနစ်ပြောက်ကျား တပ်ဖွဲ့ဝင် ၆ဝဝ ကျော်ကို အကြမ်းဖက် သမားများအဖြစ် ကြေညာရန် စီစဉ်

Friday, 09 March 2018 11:58 font size decrease font size decrease font size increase font size increase font size

မနီလာ မတ် ၈

ကုလသမဂ္ဂ၏ အထူးအစီရင်ခံစာ တင်သွင်းသူ၊ ဖိလစ်ပိုင် ဥပဒေပြု အမတ်ဟောင်းတစ်ဦးနှင့် ကက်သလစ် ခရစ်ယာန် ဘုန်းတော်ကြီး လေးဦးအပါအဝင် ကွန်မြူနစ်ပြောက်ကျား တပ်ဖွဲ့ဝင် ၆ဝဝ ကျော်ကို ဖိလစ်ပိုင် အစိုးရက အကြမ်းဖက်သမားများအဖြစ် ကြေညာရန် စီစဉ်နေကြောင်း တရားရုံးသို့ တင်သွင်းသော အစိုးရ၏ တင်သွင်းလွှာတွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်ကွန်မြူနစ်ပါတီ (CPP) နှင့် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ပြည်သူ့တပ်မတော်သစ် (NPA)ကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာရန် တရားရေးဝန်ကြီးဌာနက မနီလာတရားရုံးတစ်ခုကို ပြီးခဲ့ သည့်လတွင် တောင်းဆိုခဲ့သည်။ အဆိုပါ တရားရုံးသို့ တင်သွင်းလွှာသည်သမ္မတ ရိုဒရီဂိုဒူတာတေအနေဖြင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသောအဖွဲ့ကို ဖျက်ဆီးသွားမည်ဟု ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ ဆုံးခန်းတိုင်အောင်လုပ်ဆောင်မည့် အနေအထားဖြစ်ကြောင်း တွေ့ရသည်။

ဒူတာတေသည် ဆယ်စုနှစ်ငါးခုကြာ ပဋိပက္ခကိုအဖြေရှာရန် ကတိကဝတ်အနေဖြင့် ၂ဝ၁၆ ခုနှစ် ဇူလိုင်လတွင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ရက်သတ္တပတ်များစွာအတွင်း ကွန်မြူနစ်ခေါင်းဆောင် အချို့ကိုလွှတ်ပေးပြီး အစိုးရအဖွဲ့အတွင်း ရာထူးများ ခန့်အပ်ထားကြောင်း သိရသည်။ သို့သော် ဒူတာတေသည် အစိုးရနှင့်သူပုန်များအကြား ဆွေးနွေးပွဲများကျင်းပနေစဉ် NPA က တိုက်ခိုက်မှုများ အကြိမ်ကြိမ် လုပ်ဆောင်သည့်အတွက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ယင်းလုပ်ငန်းစဉ်ကို စွန့်လွှတ်လိုက်ကြောင်း သိရသည်။ သူပုန်များအနေဖြင့် အစိုးရကိုဖြုတ်ချရန်အတွက် ပြည်သူများအား ကြောက်ရွံ့ထိတ်လန့်စေရန် အ ကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေကြောင်း အစိုးရ၏တင်သွင်းလွှာတွင် ဖော်ပြထားသည်။

အစိုးရအနေဖြင့် ယင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ်များကို အကြမ်းဖက်သမားများအဖြစ် ကြေညာခြင်းဖြင့် ၎င်းတို့ကို အနီးကပ် စောင့်ကြည့်မှုများ ပိုမိုလုပ်ဆောင်နိုင်ကာ ငွေကြေးစီးဆင်းမှုကိုခြေရာခံနိုင်ပြီး ၎င်းတို့၏ ပိုင် ဆိုင်မှုများအသုံးပြုမှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Read 252 times Last modified on Friday, 09 March 2018 12:05