SJ WorldNews - шаблон joomla Авто

အနောက်ဘက်ကမ်းခြေဒေသ၌အကြမ်းဖက်မှုနှင့်ဆက်နွှယ်နေသူ ၂၆ ဦးကို အစ္စရေး အာဏာပိုင်များဖမ်းဆီး

Tuesday, 02 January 2018 11:21 font size decrease font size decrease font size increase font size increase font size

တဲအဗစ် ဇန်နဝါရီ ၁

ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုရေးကိစ္စနှင့်စပ်လျဉ်း၍ အစ္စရေးနှင့် ပါလက်စတိုင်းနိုင်ငံအကြား သဘောထားတင်းမာမှုများမြင့်တက်လာစဉ် အနောက်ဘက် ကမ်းခြေဒေသ၌ ဒီဇင်ဘာ ၃၁ ရက်မှ ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းအထိ အကြမ်းဖက်သမား များကို စီးနင်းရှာဖွေမှုများပြုလုပ်ရာ သံသယရှိသူ ၂၆ ဦးကို အစ္စရေးအာဏာပိုင်များကဖမ်းဆီးခဲ့ကြောင်း သိရသည်။

အစ္စရေးအစိုးရတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့သည် အကြမ်းဖက်တိုက်ခိုက်မှုများ၊ ပြည်တွင်းအကြမ်းဖက်မှုများ၊ လုံခြုံရေးအမှုထမ်းများနှင့် နိုင်ငံသားများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကိုချိုးဖောက်ခြင်းနှင့် ဆက်စပ်နေသော သံသယရှိသူ ၂၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း Channel 20 သတင်းဌာနက ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် အနောက်ဘက်ကမ်းခြေဒေသတွင်ဖြစ်ပွားသောဆန္ဒပြပွဲ၌ ပါဝင် သည်ဟုသံသယရှိသူ ၁၂ ဦးကိုလည်း ဖမ်းဆီးခဲ့သည်။

ယင်းသံသယရှိသူများသည် စစ်သည်များကို ကျောက်ခဲများ၊ ရေနံဆီပုလင်းဖုံးများဖြင့် ပစ်ပေါက်ခဲ့ကြောင်း Channel 20 သတင်းဌာနက ဖော်ပြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဒီဇင်ဘာ ၆ ရက်တွင် ဂျေရုဆလင်မြို့အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကြေညာသည်။

ထိုကဲ့သို့ကြေညာလိုက်ခြင်းက အရှေ့အလယ်ပိုင်းဒေသတစ်ဝန်းရှိ မူဆလင်နိုင်ငံများတွင် ဆန္ဒပြမှုများကိုဖြစ်ပေါ်စေပြီး အစ္စရေးအစိုးရတပ်ဖွဲ့နှင့် ပါလက်စတိုင်းအစိုးရတပ်ဖွဲ့အကြား

ပဋိပက္ခများဖြစ်ပွားစေကြောင်း သိရသည်။

Ref: Sputnik

Read 31 times Last modified on Tuesday, 02 January 2018 11:24