SJ WorldNews - шаблон joomla Авто

အမေရိကန်က အာရှဒေသသို့ အရှေ့ပစိဖိတ်မှ စစ်ရေယာဉ်များဖြင့် အင်အား ဖြည့်တင်းမည်

Thursday, 21 December 2017 09:42 font size decrease font size decrease font size increase font size increase font size

ယိုကိုဆူကာ ဒီဇင်ဘာ ၂ဝ

အာရှဒေသတွင် မြင့်တက်လာသည့် ခြိမ်းခြောက်မှုများနှင့် မကြာသေးမီက ဖြစ်ပွားသော စစ်ရေယာဉ်များ မတော်တဆမှုကြောင့် လျော့နည်းလာသည့် ရေတပ်အင်အားကို အရှေ့ပစိဖိတ်ဒေသရှိ စစ်ရေယာဉ်များဖြင့် အင်အားဖြည့်တင်း သွားမည်ဖြစ်ကြောင်း အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး တစ်ဦးက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောသည်။ အာရှ-ပစိဖိတ်ဒေသတွင် တွေ့ကြုံရသည့် စစ်ဆင်ရေး လိုအပ်ချက်များအားလုံးကို ဖြည့်ဆည်းရန်အတွက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ဖြည့်ဆည်းမှုကို အရှေ့ပစိဖိတ် ဒေသရှိ အမှတ်(၃) စစ်ရေယာဉ်စု သို့မဟုတ် အခြားစစ်ရေယာဉ်စု တစ်ခုခုမှ စစ်ရေယာဉ်များဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမေရိကန် ရေတပ်စစ်ဆင်ရေး အကြီးအကဲ ရေ တပ်ဗိုလ်ချုပ်ကြီး ဂျွန်ရစ်ချတ်ဆန်က ဂျပန်နိုင်ငံ တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင်ပြောသည်။

သို့သော် စစ်ရေယာဉ် အရေအတွက် မည်မျှရှိသည်နှင့် အင်အားဖြည့်တင်းမှုကို မည်သည့်အချိန်တွင် လုပ်ဆောင်သွားမည်ကို တိတိကျကျ ပြောဆိုထားခြင်းမရှိကြောင်း သိရသည်။ ထို့ပြင် ရစ်ချတ်ဆန်က ၂ဝ၁၈ ခုနှစ်အတွင်း ၎င်း၏ ဦးစားပေးလုပ်ငန်းသည် ဖြစ်လာနိုင်သော အမေရိကန်၏ ရန်သူများ အနေဖြင့် ရေတပ်ကို ပိုမိုအင်အားကြီးမားသော အန္တရာယ်တစ်ခုအဖြစ် ရှုမြင်လာစေရန် ဖြစ်သည်ဟု ဆိုသည်။ မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်နှင့် နျူကလီးယား လက်နက်ထုတ်လုပ်မှုများ နှစ်ဆတိုးမြင့်လာပြီး တောင်တရုတ်ပင်လယ် အတွင်းတရုတ်နိုင်ငံ၏ စစ်အင်အား ထူထောင်နေမှုအပြင် ဒေသတွင်းရှိ အခြားသော ခြိမ်းခြောက်မှုများကို အမေရိကန်၏အမှတ်(၇) ရေယာဉ်စုတစ်ခုတည်း ကသာ တာဝန်ယူထားခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားနှင့် တရုတ်နိုင်ငံတို့ကို အမေရိကန်ပြည်ထောင်စု၏ ပြိုင်ဘက်များအဖြစ် သတ်မှတ် ကြောင်းပြောဆိုထားသည့် အမေရိကန် အမျိုးသား လုံခြုံရေးမဟာ ဗျူဟာ ထုတ်ပြန်ပြီးနောက် ရစ်ချတ်ဆန်၏ ပြောဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

Read 78 times Last modified on Thursday, 21 December 2017 12:34