SJ WorldNews - шаблон joomla Авто

အစ္စရေး၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှု ဒမတ်စကပ်မြို့ အနီးရှိ စစ်အခြေစိုက် စခန်းတစ်ခုအပေါ် ကျရောက် ပေါက်ကွဲ

Sunday, 03 December 2017 12:19 font size decrease font size decrease font size increase font size increase font size

ဒမတ်စကပ် ဒီဇင်ဘာ ၂

အစ္စရေး၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုသည် ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့အနီးရှိ စစ်အခြေ စိုက် စခန်းတစ်ခု အပေါ်သို့ ကျရောက် ပေါက်ကွဲကြောင်း ဆီးရီးယားနိုင်ငံပိုင် ရုပ်မြင်သံကြား ဌာနက အတည်ပြုထုတ်ပြန်သည်။

အစ္စရေး စစ်လေယာဉ်များသည် ဒီဇင်ဘာ ၂ ရက် နံနက်အစောပိုင်းတွင် လက်ဘနွန် လေပိုင်နက်အတွင်းမှနေ၍ ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။ ဆီးရီးယား လေကြောင်းရန် ကာကွယ်ရေးစနစ်က ဒုံးကျည်နှစ်စင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့သော်လည်း ကျန်ဒုံးကျည် များက ဒမတ်စကပ်မြို့ အနောက်တောင်ပိုင်းရှိ စစ်အခြေစိုက် စခန်းအပေါ်သို့ ကျရောက် ပေါက်ကွဲခြင်းဖြစ်ကြောင်းနှင့် အဆောက်အအုံများသာ ထိခိုက်ပျက်စီးပြီး လူသေဆုံးမှု မရှိကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြား၏ ကြေညာချက်အရ သိရသည်။

အစ္စရေး စစ်လေယာဉ်များသည် ဆီးရီးယား၏ စစ်ဘက် ပစ်မှတ်များကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ဒုံးကျည်များ ထိမှန်မှုကြောင့် အဆိုပါနေရာရှိ အဆောက်အအုံများ တုန်ခါမှု ဖြစ်ပွားကြောင်းနှင့် ပေါက်ကွဲမှု အသံများကို ဒမတ်စကပ်မြို့တော်မှ ကြားနေရ ကြောင်း ဆီးရီးယားအစိုးရကို လိုလားသည့် တက်ကြွ လှုပ်ရှားသူများက ပြောသည်။

ဆီးရီးယားသူပုန်များက အစ္စရေး ထိန်းချုပ်ထားသော ဂိုလန်ကုန်းမြင့်နှင့် လက်ဘနွန် နယ်စပ် အနီးတွင် ဆီးရီးယား စစ်ဘက်ရဟတ်ယာဉ် တစ်စင်းကို ပစ်ချလိုက်ပြီးနောက် နာရီ အနည်း ငယ်အကြာတွင် အစ္စရေးက ဆီးရီးယားစစ်စခန်းကို လေကြောင်းမှ ဒုံးကျည်များဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု လန်ဒန်မြို့အခြေစိုက် ဆီးရီးယား လူ့အခွင်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကပြောသည်။

အဆိုပါ နယ်စပ်ဒေသအတွင်း အီရန်၏ မည်သည့်လွှမ်းမိုးမှုကိုမဆို လက်သင့်ခံမည် မဟုတ် ကြောင်း အစ္စရေး တာဝန်ရှိသူများက အကြိမ်ကြိမ် ပြောထားသည်။ ထို့ပြင် ဂိုလန်ကုန်းမြင့် ဒေသအနီးရှိ သူပုန်များကို အစ္စရေးက ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း ဆီးရီးယားအစိုး ရကစွပ်စွဲထားသည်။

Read 73 times Last modified on Sunday, 03 December 2017 12:22