SJ WorldNews - шаблон joomla Авто

လူနည်းစုကို ကိုယ်စားပြုသည့် အဖွဲ့များနှင့် မူးယစ်ရာဇာများ အစိုးရ၏ မူဝါဒများကို မလိုက်နာ လျှင် တော်လှန်ရေး အစိုးရအဖြစ် ကြေညာမည်ဟု ဒူတာတေခြိမ်းခြောက်

Sunday, 03 December 2017 12:14 font size decrease font size decrease font size increase font size increase font size

မနီလာ ဒီဇင်ဘာ ၂

ဖိလစ်ပိုင်ရှိ လူနည်းစုကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများနှင့် မူးယစ်ရာဇာများသည် အစိုးရ၏ မူဝါဒများနှင့်အညီ လိုက်နာခြင်းမရှိပါက တော်လှန်ရေးအစိုးရအဖြစ် ထုတ်ပြန် ကြေညာမည်ဟု သမ္မတ ဒူတာတေက ခြိမ်းခြောက်လိုက်သည်။

နိုင်ငံအတွင်း မတည်ငြိမ်မှုများသည် ဆိုးဝါးသော ရလဒ်များကိုသာ ဖန်တီးသောကြောင့် တော်လှန်ရေး အစိုးရတစ်ရပ်ကို သမ္မတသက်တမ်း ကုန်ဆုံးချိန်အထိ ထုတ်ပြန်ရန် ဝန်လေး မည်မဟုတ်ဟု ဒူတာတေက ဆိုသည်။

ထို့ပြင် နိုင်ငံ၏ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပါ ရပ်ဆိုင်း ပစ်နိုင်ဖွယ်ရှိကြောင်း ၄င်းက ဆက်ပြော သည်။ တော်လှန်ရေး အစိုးရသည် ဖက်ဒရယ်စနစ်ကို ဖွဲ့စည်း တည်ထောင်မည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်ကို အတည်ပြုမည်ဖြစ်သည်။ ထို့ပြင် အကျင့်ပျက် ခြစားခြင်း ကို ချေမှုန်း တိုက်ဖျက်မည့်အပြင် မူးယစ်ရာဇာများ၏ ဆုပ်ကိုင်မှုများကို အဆုံးသတ်စေရန် သာမက လုံခြုံရေးကိုပါ ပိုမို ကောင်းမွန်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒူတာတေက ပြောသည်။

ချမ်းသာကြွယ်ဝသည့် အထက်တန်းအလွှာ အသိုင်းအဝိုင်းနှင့် မူးယစ်ဂိုဏ်းများသည် သာမန် ဖိလစ်ပိုင် ပြည်သူများအပေါ် အမြတ်ထုတ်ကာ ကိုယ်ကျိုးရှာနေသည်ဟု ယူဆထားခြင်း ကြောင့် သမ္မတအဖြစ် တာဝန်ယူပြီး နောက်ပိုင်းတွင် ဒူတာတေသည် မူးယစ်ဆေးဝါး သုံးစွဲ မှုနှင့်ရောင်းဝယ် ဖောက်ကားမှုအပေါ် စစ်ကြေညာကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို လုပ်ဆောင်ခဲ့သည့်အပြင် မူးယစ်ဆေးဝါး အသုံးပြုသူများနှင့် ရောင်းချသူများအပေါ် အင်အားသုံး အရေးယူရန် ရဲတပ်ဖွဲ့ကို တိုက်တွန်းခဲ့ကြောင်း သိရသည်။

Read 65 times Last modified on Sunday, 03 December 2017 12:16