SJ WorldNews - шаблон joomla Авто

၂ဝ၁၈ ခုနှစ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရန် ဒေါ်လာ၂၂ ဒသမ ၅ ဘီလီယံ ကုလသမဂ္ဂ တောင်းခံ

Sunday, 03 December 2017 11:31 font size decrease font size decrease font size increase font size increase font size

နယူးယောက် ဒီဇင်ဘာ ၂

ကမ္ဘာတစ်ဝန်းရှိ လက်နက်ကိုင် ပဋိပက္ခများနှင့် သဘာဝ ကပ်ဘေးများကြောင့် ဒုက္ခနှင့် ကြုံတွေ့ နေရသူဦးရေ မြင့်တက်လာသည့်အတွက် ၂ဝ၁၈ ခုနှစ်တွင် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ပေးနိုင်ရေးဒေါ်လာ ၂၂ ဒသမ ၅ ဘီလီယံ လိုအပ်ကြောင်း ကုလသမဂ္ဂက တောင်းခံလိုက်သည်။

ကုလသမဂ္ဂ အေဂျင်စီများနှင့် အခြားလူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့များအနေဖြင့် ခိုလှုံစရာနေအိမ်၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စားနပ်ရိက္ခာနှင့် အခြေခံ လိုအပ်ချက်များ လိုအပ်နေသည့် လူ ၉၁ သန်းကို လာမည့်နှစ်တွင် အကူအညီများ ပေးရန် ရည်ရွယ်ထားသည်။ ထို့ပြင် ၂ဝ၁၈ ခုနှစ်တွင် ကမ္ဘာပေါ်ရှိ ၂၆ နိုင်ငံသည် အကူအညီများ လိုအပ် လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံတကာမှ အကူအညီများ လိုအပ်နေသည့် ဒုက္ခသည် အရေအတွက် မှာ ၁၃၆ သန်းရှိရာ ယခင်ကထက် ၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ယခင်နှစ်က ထုတ်ပြန်သည့် ခန့်မှန်းချက်အရ သိရသည်။

နိုင်ငံအများစုမှ ပြည်သူများသည် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ ကူးစက်ရောဂါ ဖြစ်ပွားမှုများနှင့် ပိုမို ရင်ဆိုင်နေရပြီး ယခုလက်ရှိ ဖြစ်ပွားနေသည့် ကပ်ဆိုက်မှုမှာ ဆီးရီးယားနှင့် ယီမင်နိုင်ငံ တို့တွင်ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ယင်းနိုင်ငံများမှ ပြည်သူများ ခံစား နေရသည့်အတိ ဒုက္ခဖြစ်သည်။

ယီမင်နိုင်ငံသည် ပြည်ပမှ တင်သွင်းသည့် အစားအစာများကိုသာ မှီခိုနေရခြင်းကြောင့် ယင်းနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုကို ရုပ်သိမ်းပေးရန် ဆော်ဒီအာရေဗျ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့ကို ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ရုံး အကြီးအကဲ မာ့လောင်းကော့က တောင်းဆိုထားသည်။

Read 69 times Last modified on Sunday, 03 December 2017 12:13