SJ WorldNews - шаблон joomla Авто

ရီယိုဒီဂျနေးရိုး၌ ပစ်ခတ်မှုများ ဖြစ်ပွား၊ လူခုနစ်ဦး သေဆုံး

Monday, 27 November 2017 11:47 font size decrease font size decrease font size increase font size increase font size

ရီယိုဒီဂျနေးရိုး နိုဝင်ဘာ ၂၆

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ ဆိပ်ကမ်းတစ်ခု၌ နိုဝင်ဘာ ၂၅ ရက်တွင် ရာဇဝတ်ဂိုဏ်း တစ်ခုနှင့် ရဲတပ်ဖွဲ့ အကြား ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားရာ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်သူဟု သံသယရှိသူ ခုနစ်ဦး သေဆုံးကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုနှစ်ခုသည် ရီယိုဒီဂျနေးရိုး ဆိပ်ကမ်းအနီးရှိ ကာဂျူနယ်မြေ၌ ဖြစ်ပွားခြင်း ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ရေး သမားများက ပြိုင်ဘက်ဂိုဏ်းထိန်းချုပ်ထားသော နေရာသို့ ဝင်ရောက်လာခြင်း ကြောင့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားကြောင်း သိရသည်။ အခင်းဖြစ်ပွားရာ နေရာသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိ လာပြီး ပြိုင်ဘက်အဖွဲ့နှစ်ဖွဲ့နှင့် ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားကြောင်း သိရသည်။ အဆိုပါ ပစ်ခတ်မှုများအတွင်း လူခုနစ်ဦး သေဆုံးကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များသည် လူ ၁၁ ဦးကို ဖမ်းဆီးရမိ သည့်အပြင် သေနတ် ၁၄ လက်၊ ယမ်းတောင့် ၃၇ တောင့်၊ ခဲယမ်းမီးကျောက် ၇၉ဝ ခန့်၊ လက်ပစ်ဗုံးလေးလုံး၊ ရေဒီယို ဆက် သွယ်ရေး စက်နှစ်ခုနှင့် ကျည်ကာ အင်္ကျီများကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။ ရီယိုဒီဂျနေးရိုးမြို့၌ ယခုနှစ်အတွင်း လူ သတ်မှု ၄ဝဝဝ ခန့်ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် ၁၂ဝ မှာ တာဝန်ထမ်း ဆောင်စဉ် သေဆုံးခဲ့ ကြောင်း သိရသည်။

Read 67 times Last modified on Monday, 27 November 2017 12:06