SJ WorldNews - шаблон joomla Авто
ကေတု

ကေတု

မြန်မာနိုင်ငံ၌ မြေငလျင်လှုပ်ခတ်မှုကို တွေ့ကြုံခဲ့ဖူးပြီး အတိတ်ကာလကလည်း ငလျင်များလှုပ်ခတ်ခဲ့ဖူးကာ  မကြာသေးမီကလည်း လှုပ်ခတ်ခဲ့သည်။  အင်အားပြင်းသော မြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ခဲ့ဖူးသည်။ အနာဂတ်တွင်လည်း ငလျင်လှုပ်နိုင်သည့် အခြေအနေများ ရှိနေကြောင်းကို မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ နာယကဒေါ်လှလှအောင်နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပုံကို ဖော်ပြလိုက်ပါသည်။

စစ်ကိုင်း  အောက်တိုဘာ  ၁၆

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန  သားငှက်ထိန်းသိမ်းရေး အဖွဲ့  (မြန်မာအစီ အစဉ်)နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း ၍    ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနှင့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ  စစ်ကိုင်းတိုင်းဒေသကြီး အင်တောင်းကျေးရွာကို ယခုလအတွင်း ထပ်မံတိုးချဲ့ခဲ့ကြောင်း  သားငှက်ထိန်းသိမ်းရေး အဖွဲ့ Ecotourism Manager ဦးသန့် ဇင်ထံမှ သိရသည်။

နေပြည်တော် အောက်တိုဘာ ၁၆ 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂနိုင်ငံရေးရာ ဌာနအကြီးအကဲ

နေပြည်တော် အောက်တိုဘာ  ၁၆

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် အောက်တိုဘာ ၁၂ ရက်မှ ၁၃ ရက်အထိ စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သော (၂၃)ကြိမ်မြောက်

 နေပြည်တော် အောက်တိုဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်ရှိ ဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွားများနှင့် ဒေသခံပြည်သူများအား အောက်တိုဘာ ၁၄ ရက်တွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊   နယ်လှည့်ဆေး ကုသရေးအဖွဲ့က   အဆိုပါဘိုးဘွားရိပ်သာ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

နေပြည်တော်  အောက်တိုဘာ  ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ငါးခူအိုင်ကျေးရွာအုပ်စု အတွင်းရှိ ထိန်တော ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား အောက်တိုဘာ ၁၄ ရက်တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က  ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ရန်ကုန် အောက်တိုဘာ ၁၆

ဧရာဝတီမြစ်ဝှမ်းဘက်စုံ စီမံခန့်ခွဲမှုစီမံကိန်းအတွက်  ဝယ်ယူထားသည့် တိုင်းတာရေး ရေယာဉ်သစ်သုံးစင်းကို ရန်ကုန်မြို့အပါအဝင်  မြို့ကြီးသုံးမြို့၌   အသုံးပြုမည်ဖြစ်ကြောင်း  ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ရန်ကုန် အောက်တိုဘာ ၁၆

မြန်မာနိုင်ငံရိုးရာ ပန်းချီပညာရှင်များ အစည်းအရုံး(ဗဟို)၏ နာယကဖြစ်သူ နိုင်ငံကျော် ရေဆေးပညာရှင် ပန်းချီဆရာကြီး ဦးအမ်တင်အေး ကွယ်လွန်ခြင်း (၁၉)နှစ် ပြည့် အမှတ်တရ ပန်းချီပြပွဲကို အောက်တိုဘာ ၁၄ ရက်မှ ၂ဝ ရက်အထိ  ရန်ကုန်မြို့ နှင်းဆီကုန်းဘိုးဘွား ရိပ်သာရှိ    နှင်းဆီမြိုင် ပန်းချီပြခန်း၌ ကျင်းပလျက်ရှိကြောင်း ပွဲဖြစ်မြောက်ရေးအဖွဲ့ဝင်  ပန်းချီ ဦးကျော်လွင်ထံမှ သိရသည်။

 ရန်ကုန် အောက်တိုဘာ ၁၆

သယ်ယူပို့ဆောင်ရေးနှင့်   မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သော Grab က ခရီးသည်များ သွားရောက်လိုသည့် လမ်းကြောင်းတွင်   နောက်ထပ်နေရာတစ်ခု   ထပ်မံထည့်သွင်း ငှားရမ်းနိုင်မည့် Multi-Stop Rides လုပ်ဆောင်ချက်သစ်ကို စတင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Page 1 of 142