SJ WorldNews - шаблон joomla Авто

ရိုးမှန်နှုတ်သီး ဆို၍်ပြီးသည် ပွားစီးအတိုင်း မသိတည်း

Friday, 11 May 2018 08:23 font size decrease font size decrease font size increase font size increase font size

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း သည် မေ ၇ ရက်တွင် ရေးတပ်နယ်နှင့် သံဖြူဇရပ်တပ်နယ်အတွင်း အဖွဲ့ဝင်များနှင့်အတူ လှည့်လည်ကြည့်ရှု စစ်ဆေးပြီး နယ်မြေခံ သင်တန်းကျောင်းမှ နည်းပြအရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် သံဖြူဇရပ် တပ်နယ်ရှိ နယ်မြေခံ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းရှိ နည်းပြအရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် ရဲဘော်စိတ် တည်ဆောက်ကြရန်နှင့် တပ်နေပျော်ရေး တည်ဆောက်ပြီး အင်အားခိုင်မာ တောင့်တင်း၍ တိုက်စွမ်းရည် တိုက်စွမ်းအား ထက်မြက်အောင် ဆောင်ရွက်ကြရန် မှာကြားသည်။ ထို့နောက် နိုင်ငံအရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် ''ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသ၌ ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှန်များ၊ ၎င်းနှင့်ပတ်သက်၍

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည့် မတ် ၆ ရက်နေ့ သတင်းထုတ်ပြန်ချက်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ၁၅ နိုင်ငံ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး မေ ၁ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ထုတ်ပြန်ခဲ့သည့် သတင်းများအား ဖတ်ရှုလေ့လာရန် လိုကြောင်း'' မှာကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ဝင်များ နေပြည်တော်ရှိ ဘုရင့်နောင်ဧည့်ရိပ်သာ အစည်းအဝေး ခန်းမ၌ ဧပြီ ၃ဝ ရက် ညနေပိုင်းက တွေ့ဆုံကြစဉ် ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ၊ ဓာတ်ပုံမှတ်တမ်း စာအုပ်များအား ပေးအပ်လိုက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ''ယခုမိမိတို့ ပေးအပ်ထားသော ခိုင်မာသည့် အထောက်အထား စာရွက်စာတမ်းများနှင့် ဓာတ်ပုံမှတ်တမ်းများအား သေချာစွာ လေ့လာပြီး ဖြစ်စဉ်ဖြစ်ရပ်မှန်များအား သိရှိအောင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် မေ  ၁ရက်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာစဉ် ပွင့်လင်းစွာမေးမြန်းပြီး နှစ်ဖက်မျှတစွာ စဉ်းစား သုံးသပ်စေလိုကြောင်း'' ပြန်လည် ရှင်းလင်းပြောကြားသည်။

ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင် ပီရူးနိုင်ငံမှ Mr.Gustavo Meza Cuadra Velasquez ဦးဆောင်သော အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ မလာရောက်မီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား (Cox's Bazar)ရှိ ဒုက္ခသည်များနှင့် တွေ့ဆုံ၍ ရယူခဲ့ကြသည့် သတင်းအချက်အလက်များနှင့် ၎င်းတို့တစ်ဦးချင်းစီ၏ အမြင်များကို ဧပြီ ၃ဝ ရက်တွင် ဆွေးနွေး မေးမြန်းကြသည်။

ပီရူးနိုင်ငံမှအမြဲတမ်း ကိုယ်စားလှယ်က မေးမြန်းရာတွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် မြန်မာနိုင်ငံသို့   အဆိုပါဒုက္ခသည်များ ပြန်လည်အခြေချနေထိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍   ၎င်းတို့၏ စိတ်ဆန္ဒအလျောက် ပြန်လည်ရောက်ရှိလာရေး၊ လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည်ရောက်ရှိရေး စသည့်အချက်များကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ မြန်မာ့ တပ်မတော် အနေဖြင့် ဒုက္ခသည်များ ပြန်လည်လာရောက် နေထိုင်ရေးအတွက် လုံခြုံရေးကဏ္ဍများတွင် မည်ကဲ့သို့ လုပ်ဆောင်ထားသည်ကို သိရှိလိုပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင် ၎င်းဒုက္ခသည်များ၏ လုံခြုံရေးနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး တပ်မတော်မှ တိုက်ရိုက်တာဝန်ယူ လုပ်ဆောင်ခြင်း မရှိကြောင်း၊ ဒုက္ခသည်များအနေဖြင့် ၎င်းတို့၏သဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာဖြင့် ပြန်လည်နေထိုင်နိုင်ရေးသည် အရေးကြီးသည့် အချက်တစ်ချက်ဖြစ်ကြောင်း၊ ၎င်းတို့၏ သဘောဆန္ဒအလျောက်သာ လာရောက်ခြင်း ဖြစ်ရမည်ဖြစ်ပြီး အခြားပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ တိုက်တွန်းပြောကြားချက်အရ လာရောက်ခြင်းမျိုး မဖြစ်စေရန် လိုအပ်ပါကြောင်း၊ ၎င်းတို့အား ခြိမ်းခြောက်ပြောဆိုခံနေရခြင်းများလည်း ရှိပါကြောင်း၊ ဥပမာအားဖြင့် ၎င်းတို့ ပြန်လည်နေထိုင်နိုင်ရေးနှင့် ပတ်သက်၍ ARSA  အဖွဲ့မှ ခြိမ်းခြောက်ပြောဆိုခြင်းများ ရှိပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် မိမိတို့အနေဖြင့် ပြန်လည်ဝင်ရောက်လာမည့် ဒုက္ခသည်များအား လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းကာ ပူးပေါင်းကာကွယ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊၎င်းဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးမှုဖြစ်စဉ် မဖြစ်ပွားမီ ရခိုင်ပြည်နယ်အတွင်း၌ ဘင်္ဂါလီအကြမ်းဖက်သမားများက မြန်မာတိုင်းရင်းသားများအား သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ပါကြောင်း၊ ယင်းကဲ့သို့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ၂ဝ၁၈ ခုနှစ် ဧပြီ ၃ဝ ရက်အထိ မြန်မာတိုင်းရင်းသား ၇၂ ဦး သေဆုံးခဲ့ရပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ပါကြောင်း၊ ယင်းကဲ့သို့ အကြမ်းဖက်မှုဖြစ်စဉ်များ ဆက်လက်မဖြစ်ပွားစေရေး အတွက် ၎င်းတို့ဘက်မှ ထိန်းသိမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပြီး တိုင်းရင်းသားပြည်သူများအား အကြမ်းဖက် တိုက်ခိုက်ခံရခြင်း မရှိပါက မိမိတို့ဘက်မှ မည်သည့်လုပ်ဆောင်မှုမျိုးကိုမှ လုပ်ဆောင်မည် မဟုတ်ပါကြောင်း ပြောကြားသည်။

သို့ဖြစ်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ဝင်များအား ပြောကြားသော စကားတို့သည် စကားအရာ အင်္ဂါလေးတန်ဟု ဆိုအပ်သော ကောင်းသောစကားကို ကောင်းမွန်စွာ ပြောဆိုခြင်း၊ တရားနှင့်လျော်ညီသော စကားကိုသာ ပြောခြင်း၊ ချစ်ခင်နှစ်လိုဖွယ်သော စကားကိုသာ ပြောဆိုခြင်း၊ မှန်ကန်သော သစ္စာစကားကိုသာ ပြောဆိုခြင်းတို့ကြောင့် ပြည်သူနှင့် တပ်မတော်တို့အတွက် ဂုဏ်တက်ခဲ့ရသည်ကို ပွားစီးအတိုင်းမသိတည်းဟု မြဝတီက ကမ္ပည်းမှတ်တမ်း တင်လိုက်ရပါသည်။ 

Read 73 times Last modified on Friday, 11 May 2018 08:24