SJ WorldNews - шаблон joomla Авто

မက်ခရို စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း

Thursday, 07 December 2017 08:45 font size decrease font size decrease font size increase font size increase font size

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုး တိုးတက်စေရန် မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ်ရှိ အပြည်ပြည် ဆိုင်ရာ စီးပွားရေး စင်တာ (IBC) ၌ ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ဆွေးနွေးပွဲသို့  ပြည်တွင်းပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး ပညာရှင်များ တက်ရောက် ဆွေးနွေးကြရာတွင် မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်တွင်း ပြည်ပ ရင်းနှီး မြှုပ်နှံမှုများတိုးတက်များပြားလာစေရန်၊  မြန်မာနိုင်ငံအတွင်းရှိ အထူး စီးပွားရေးဇုန် စီမံကိန်း များမှ ပညာရှင်များနှင့် ဆွေးနွေးနိုင်စေရန်၊ အစိုးရ အဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းရှင် များပူးပေါင်း ဆောင်ရွက်မှုဖြင့် မြန်မာ့စီးပွားရေး ပိုမိုဖွံ့ဖြိုး တိုးတက်စေရန်ဟူသော ရည်ရွယ်ချက်များဖြင့် ဆွေးနွေး ကြမည်ဖြစ်သည်။

 အထက်ပါ ရည်ရွယ်ချက်များ နှင့်အညီ ဆွေးနွေးကြရာ၌ ကုန်ထုတ် လုပ်ငန်းများနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။ နိုင်ငံတော်စီးပွားရေး တိုးတက်မှုအတွက် ပို့ကုန်မြှင့်တင်ရေးနှင့် သွင်းကုန် လျော့နည်းရေးကို  နိုင်ငံတော်အစိုးရနှင့်ပုဂ္ဂလိကတို့ ပူးပေါင်းကြိုးစားနေကြချိန်တွင် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ငွေကြေးဝန်ဆောင်မှု

 လုပ်ငန်းများသွက်လက်ရေးသည်  အဓိကလိုအပ်ချက်ဖြစ်သည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူအထူး စီးပွား ရေးဇုန်၊ ရန်ကုန်တိုင်းဒေသကြီးရှိ  သီလဝါ အထူးစီးပွားရေးဇုန်၊ တနင်္သာရီတိုင်း ဒေသကြီးရှိ ထားဝယ် အထူး စီးပွားရေး ဇုန်တို့ရှိကြရာမှ ယခုဆွေးနွေးပွဲတွင် သီလဝါ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သော အကြောင်း အရာများကို ဆွေးနွေးကြမည် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ရန်ကုန်တိုင်း ဒေသကြီး၏ အားသာချက် များမှာ ပြည်တွင်းပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့ရာတွင် ကုန်းကြောင်း၊ ရေကြောင်း၊  လေကြောင်း တို့ဖြင့် တင်ပို့ရန် လွယ်ကူခြင်းနှင့်   အလုပ်သမားရရှိရန် လွယ်ကူခြင်းတို့ဖြစ်သည်။

 

ရင်းနှီးမြှုပ်နှံသူများ ပိုမိုစိတ်ဝင်စားသော အခြားနေရာတစ်ခုမှာ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တို့သို့ ဆက်သွယ်မည့် အာဆီယံလမ်းမကြီးပေါ်တွင်  အချက်အချာကျသောနေရာ၌ တည်ရှိနေခြင်း၊ လုပ်ငန်း လုပ်ကိုင်ရန်  မြေနေရာအလုံ အလောက်ရှိခြင်း၊ လုပ်သားအင်အားအတွက် အခက်အခဲမရှိခြင်း စသည့် အားသာချက် များရှိသည့် ပဲခူးတိုင်းဒေသကြီးဖြစ်ကြောင်း သိရသည်။  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသည် အမှန်တကယ် ဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုစာရင်းများကို  သုံးလတစ်ကြိမ် ထုတ်ပြန်ကြေညာ ထားရာ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလတို့ အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြု ပေးလိုက်သည့်လုပ်ငန်းပမာဏ အမေရိကန်ဒေါ်လာ ၄ဒသမ ၅ဘီလီယံ ရှိသည့်အနက် အမှန်တကယ် ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှု  အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံဖြစ်ကြောင်း သိရသည်။

 ယခုကျင်းပသော မြန်မာ့ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် ချေးငွေ သက်သေခံ လက်မှတ်နှင့် သက်ဆိုင်သောအကြောင်းအရာများ၊ ရန်ကုန်စတော့ အိတ်ချိန်းနှင့် သက်ဆိုင်သော အကြောင်းအရာ များကို ထည့်သွင်းဆွေးနွေးကြမည်ဖြစ်သည်။ ရန်ကုန်စတော့ အိတ်ချိန်း၏ ရှယ်ယာ ရောင်းဝယ်မှု အခြေအနေမှာ ၂ဝ၁၇ ခုနှစ် ဧပြီလ အစောပိုင်းကာလများတွင် တစ်ရက်လျှင် ပျမ်းမျှ ရှယ်ယာတန်ဖိုး ငွေကျပ်သန်း ၁ဝဝ မှ ၁၂ဝ ကြားရှိရာမှ နိုဝင်ဘာဒုတိယရက်သတ္တပတ်တွင် တစ်ရက်လျှင် ပျမ်းမျှရှယ်ယာ တန်ဖိုးငွေကျပ်သန်း ၇ဝ ခန့်သာ အရောင်းအဝယ်ရှိသည်။  စတော့ဈေးကွက် ပိုမိုသွက်လက် လှုပ်ရှားစေရန် ပြည်သူများအား အသိပညာပေးရေး ရှယ်ယာအရောင်းအဝယ်ကို အွန်လိုင်းစနစ်ဖြင့် ချိတ်ဆက် ဆောင်ရွက် နိုင်ကြစေရန် စီစဉ်နေကြောင်းသိရသည်။

 စတော့ဈေးကွက်သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အလုံးအရင်းနှင့် ဝင်ရောက်လာပါက ဈေးကွက်အားလုံးကို ထိန်းချုပ် သွားမည်ဖြစ်သဖြင့် နိုင်ငံတော်၏မက်ခရို စီးပွားရေးကို ထိခိုက်စေမည့် အရေးမျှော်တွေး၍ နိုင်ငံတော် အစိုးရက ထိရောက်သော ဥပဒေပြဋ္ဌာန်းဆောင်ရွက်ရမည်ဟု စီးပွားရေး ပညာရှင်များက တိုက်တွန်းထားကြသည်။

 မက်ခရိုစီးပွားရေး ဖွံ့ဖြိုးမှုသည် နိုင်ငံတော်အစိုးရ၏ ထိရောက်သော စီးပွားရေး မူဝါဒများနှင့် မှန်ကန်သော ဆုံးဖြတ်ချက် ပေါ်တွင် မူတည်ပြီး မက်ခရိုစီးပွားရေး သဘောတရားတို့သည် ကျယ်ပြန့်သည်။ မက်ခရိုစီးပွားရေး သဘောတရား များတွင် ဖြစ်ပေါ်တတ်သည့် ဝိရောဓိ (Macro Economic Paradox) များကို သီးခြား လေ့လာရန် လိုကြောင်း ပညာရှင်များက တိုက်တွန်းထားကြသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်၌ အမေရိကန် ပြည်ထောင် စု၏ စီးပွားရေး ပြန်လည်ဦးမော့ လာစေရန် သမ္မတရုစ်ဗဲ့သည် ကိန်း၏  မက်ခရိုစီးပွားရေး စနစ်ကို ပိုင်နိုင်စွာ အသုံးချ ခဲ့ရာ အောင်မြင်ကြောင်း သိရသည်။

 သို့ဖြစ်၍ ယခုကျင်းပသော မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲများမှ နိုင်ငံတော်၏ မက်ခရို စီးပွားရေးနှင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးတို့အတွက် ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု မျှော်လင့် ရပါသည်။  

Read 34 times Last modified on Thursday, 07 December 2017 08:46