SJ WorldNews - шаблон joomla Авто

မသန်စွမ်း သူများ ဆိုင်ရာ ဆယ်စုနှစ် လုပ်ငန်းစဉ်များ

Sunday, 03 December 2017 09:35 font size decrease font size decrease font size increase font size increase font size

အာရှ-ပစိဖိတ် ဒေသတွင်း မသန်စွမ်းသူများအတွက် ဆယ်စုနှစ် ဆောင်ရွက်မှု ကြားကာလ သုံးသပ်ရေးဆိုင်ရာ အစိုးရများအကြား ဝန်ကြီးအဆင့် အစည်းအဝေးကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ နိုဝင်ဘာ ၃ဝ ရက်တွင် စတင်ကျင်း ပသည်။ အစည်းအဝေး၏ ရည်ရွယ်ချက်များမှာ အာရှနှင့်ပစိဖိတ် ဒေသတွင်းရှိ မသန်စွမ်းသူများ ဆိုင်ရာ ဆယ်စုနှစ် (၂ဝ၁၃-၂ဝ၂၂)နှင့် အင်ချွန်း မဟာဗျူဟာကို ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် ကွာဟချက်နှင့် စိန်ခေါ်မှုများ အပါအဝင် တိုးတက်ပြောင်းလဲမှု အခြေအနေအား ပြန်လည်သုံးသပ်ရန်၊ ရှေ့ဆက် ဆောင်ရွက်မည့် မူဝါဒလမ်းညွှန်ချက်တို့ကို ဆွေးနွေးရန်၊ ကျန်ရှိသော ဆယ်စုနှစ်ဝက်အတွက် အကောင်အ ထည်ဖော်ခြင်း တို့ကိုမြှင့်တင်ရန်နှင့် ကြေညာချက်တစ်ရပ် ဆွေးနွေးချမှတ်ရန်တို့ ဖြစ်သည်။

အစည်းအဝေးသို့  အာရှနှင့် ပစိဖိတ်ဒေသတွင်းရှိ  နိုင်ငံပေါင်း ၃၅ နိုင်ငံမှ အစိုးရ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ မသန်စွမ်းမှု ဆက်စပ် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ေ ရာက်ကြသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်၍ မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ နည်းဥ ပဒေပြဋ္ဌာန်း ဆောင်ရွက်မှု၊ အမျိုးသား ကော်မတီ ဖွဲ့စည်းခြင်း၊ မသန်စွမ်းမှုနှင့် ဆက်စပ်သည့် လူမှုကာကွယ် စောင့်ရှောက်ရေး၊ ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးရေး အခြေအနေ တိုင်းတာ စစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ေ ရးတို့အပြင် ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန် ဗင်းရှင်း၊  အင်ချွန်းမဟာဗျူဟာနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များအကြား ဆက်စပ် ဆောင်ရွက်နိုင်မှု အခြေအနေတို့ကို ဆွေးနွေးသည်။

မြန်မာနိုင်ငံအနေဖြင့် အစည်းအဝေးသို့ တက်ရောက်ခြင်းဖြင့် ဒေသတွင်းနိုင်ငံများတွင် လက်ရှိဆောင်ရွက်နေသော အင်ချွန်း မဟာဗျူဟာနှင့် လူတိုင်းအကျုံးဝင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေ့အကြုံ ကောင်းများနှင့် အခက်အခဲ တွေ့ရသည်များကို လေ့လာသိရှိရသည့်အပြင် မသန်စွမ်းမှုဆိုင်ရာ နည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ်များကို ပိုမိုရရှိနိုင်မည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ခဲ့သည်။ အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံများနှင့် အခြားဒေသများမှ နိုင်ငံများ၌ရှိကြသော မသန်စွမ်းသူများကို ပေါင်းလိုက်ပါက စုစုပေါင်း မသန်စွမ်းသူဦးရေ သန်း ၆၉ဝ ရှိကြောင်း သိရသည်။ မသန်စွမ်းသူများနှင့် သာမန်လူများ၏ အခြေအနေတို့ကို နှိုင်းယှဉ်လေ့လာ ကြည့်သော အခါ မသန်စွမ်းသူများက ဆင်းရဲသော အခြေအနေ ပိုများကြသည်။ မသန်စွမ်း သူကလေးငယ် ၅ဝ ရာခိုင်နှုန်းသည် အခြေခံပညာမျှသာ သင်ယူနိုင်ကြပြီး အဆင့်မြင့် ပညာသင်ယူနိုင်သည့် အခွင့်အလမ်း မရှိသည့်အပြင် အလုပ် အကိုင်ရရှိနိုင်မှု အခွင့်အလမ်းမှာလည်း ၎င်းတို့ရွယ်တူ  သန်စွမ်းသူ များနှင့်နှိုင်းယှဉ်ပါက နှစ်ဆမှခြောက်ဆအထိ နည်းပါးကြသည်။ မသန်စွမ်းသူများအတွက် အခြားစိန်ခေါ်မှုများမှာ နိုင်ငံရေး အဖွဲ့အစည်းများအတွက် ကိုယ်စားပြုခွင့် မရခြင်းနှင့် အဆုံးအဖြတ် ပေးရာတွင် ပါဝင်ခွင့် မရခြင်းတို့ဖြစ်သည်။ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများ၌ရှိကြသော မသန်စွမ်းသူ ၅ဝ ရာခိုင်နှုန်းသည် အမျိုး သမီးများ ဖြစ်နေခြင်းကြောင့် ၎င်းတို့ဘဝ ဖွံ့ဖြိုးမှု အခွင့်အလမ်းကို သာမန်ထက်ပိုမို အလေးထားရန် လိုကြောင်း သိရသည်။ မသန်စွမ်းသူများဘဝ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ဖွယ် အများအပြားရှိသော်လည်း ကျော်လွှားမရနိုင်သည့် အခက်အခဲများ မဟုတ်ဘဲ အင်ချွန်း မဟာဗျူဟာကို လက်ေ တွ့ဖော်ဆောင်ရာတွင် တွေ့ကြုံရသော အခက်အခဲကို အခွင့်အလမ်းအဖြစ် ပြောင်းလဲ၍ အားမာန်သစ်ဖြင့် ဆောင်ရွက်ကြရမည် ဖြစ်သည်။  တစ်ချိန်တည်းမှာပင် နိုင်ငံအစိုးရများ အနေဖြင့် မသန်စွမ်းသူများ၏ ပညာရေးနှင့် အလုပ် အကိုင် အခွင့်အလမ်း ဖန်တီးပေးမှု၊ နိုင်ငံရေး အဖွဲ့အစည်းများတွင် ပါဝင်ကိုယ်စားပြုခွင့်၊ အမျိုးသားအဆင့် ပူးပေါင်း ဆောင်ရွက်ရေး ယန္တရားများ  ပိုမိုတည်ထောင်ပေးခြင်း၊ သတင်းအချက်အလက်များ ပိုမိုစုဆောင်းပြုစုထား ရေး တို့ကို ဆောင်ရွက်ကြရန် ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့၏ အာရှနှင့်ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် ကိုယ်စားလှယ်က တိုက်တွန်းထားပြီး အချို့နိုင်ငံများ၌ မသန်စွမ်းသူများ အခွင့်အလမ်းအတွက် ဆောင်ရွက်ပေးမှု မှာ ၂၈ ရာခိုင်နှုန်းထက်ပင် လျော့နည်းနေကြောင်း တွေ့ရသည်ဟု ပြောကြားသည်။

သို့ဖြစ်၍ မသန်စွမ်းသူများဆိုင်ရာ ဆယ်စုနှစ် (၂ဝ၁၃-၂ဝ၂၂)နှင့် အင်ချွန်း မဟာဗျူဟာကို လက်တွေ့ ဖော်ဆောင်ရေးသည် နိုင်ငံတော် အစိုးရနှင့် ပြည်သူတို့အပြင် သက်ဆိုင်ရာ မသန်စွမ်းသူများ ပါဝင်ဆောင်ရွက် ကြရမည်ဖြ စ်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

Read 47 times Last modified on Sunday, 03 December 2017 09:54