SJ WorldNews - шаблон joomla Авто
ရွှေကူ

ရွှေကူ

နေပြည်တော် အောက်တိုဘာ ၁၆

ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစား ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အားကစား ဝါသနာရှင်များက ပြိုင်ပွဲဝင် အသင်းများ၏ ဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင်ကစားမှု များကို ကြည့်ရှုအားပေးကြသည်။

နေပြည်တော် အောက်တိုဘာ ၁၆

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ပညာသင်ကြားလျက် ရှိသော အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းသုံးစာရေး ကိရိယာနှင့် ပညာသင်စရိတ် ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဇေယျာသီရိ ခန်းမ၌ ပြုလုပ်သည်။

နေပြည်တော် အောက်တိုဘာ ၁၆

၂ဝ၁၇ ခုနှစ် ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိ မြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။

နေပြည်တော် အောက်တိုဘာ ၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့ရှိ ဒေသခံ ပြည်သူများအား အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က မိုင်းလုံမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

နေပြည်တော် အောက်တိုဘာ ၁၆

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team -PPST) နှင့် ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။

စစ်တွေ အောက်တိုဘာ ၁၆

ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးများ ပါဝင်သော ပြည်ထောင်စုစီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine - UEHRD) ကို အကောင်အထည်ဖော်ရေး ရှေ့ပြေးစီမံချက် အကောင်အထည် ဖော်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တို့နှင့်အတူ မောင်တောမြို့နယ် လောင်းဒုံ၊ ဘဒကား၊ ပန်းတောပြင် ကျေးရွာတို့သို့ သွားရောက်၍ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီ အထောက်အပံ့များ ဖြစ်သည့် စားနပ်ရိက္ခာ ပစ္စည်းများ ပေးအပ်ခြင်း၊ ပြန်လည်နေရာ ချထားရေးအတွက် အိမ်ရာများ စတင်ဆောက်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် စစ်တွေ လေဆိပ်မှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာရာ မွန်းလွဲ ၁ နာရီခွဲတွင် မောင်တောမြို့မြောက်ပိုင်း မြိုတိုင်းရင်းသား များနေထိုင်ရာ လောင်းဒုံ(နတလ) ကျေးရွာသို့ ရောက်ရှိပြီး ဒေသခံမြို တိုင်းရင်းသားများနှင့် တွေ့ဆုံကာ အားပေးစကား ပြောကြားသည်။

မကွေး အောက်တိုဘာ ၁၆

မသန်လည်းလူ သန်လည်းလူ စွမ်းဆောင်ခြင်းသာ အဓိက ဟူသည့် ခံယူချက်ကိုယ်စီဖြင့် မသန်စွမ်းသူများ သာမန် လူ့အသိုင်းအဝိုင်း အတွင်း ပါဝင်ခွင့် ရရှိစေရန် ရည်ရွယ်သည့် နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ် လမ်းလျှောက်ပွဲကို မကွေးတိုင်း ဒေသကြီး မကွေးမြို့၌ ယမန်နေ့ နံနက် ၇ နာရီက ကျင်းပသည်။

လာမွန်ဂမ် အောက်တိုဘာ ၁၆

အင်ဒိုနီးရှားနိုင်ငံ လာမွန်ဂန်မြို့ အခြေစိုက် အင်ဒိုနီးရှား စူပါလိဂ် ပါဆယ်လာ အသင်းတွင် ကစားသမား ဘဝတစ်လျှောက်လုံး ကစားပေးခဲ့သည့် ဂိုးသမား ချွိုင်ရယ်ဟူဒါသည် ယမန်နေ့က ဆီမန်ပါဒန်းနှင့် ကစားသော ပွဲစဉ်တွင် ဘောလုံးကို ဒိုင်ဗင်ထိုး ဖမ်းရာမှ အသင်းဖော် ခံစစ်မှူး ရေမွန်ရိုဒရီဂွက်ဇ်နှင့် တိုက်မိကာ သေဆုံးခဲ့ရသည်။  ပါဆယ်လာ အသင်းအတွက် ၁၉၉၉ ခုနှစ်တွင် စတင်ပွဲဦးထွက် ကစားပေးခဲ့သော ချွိုင်ရယ်ဟူဒါသည် အသက် ၃၈ နှစ်ရှိပြီဖြစ်ကာ ပွဲချိန် ပထမပိုင်းတွင် ထိုသို့ အရှိန်ပြင်းစွာ ထိခိုက်မိရာမှ သတိလစ် လဲကျခဲ့သည်။

မန်ချက်စတာ အောက်တိုဘာ ၁၆

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက လီဗာပူးနှင့်ပွဲတွင် တစ်ပွဲလုံး ခံစစ်ဦးစားပေး ကစားခဲ့သည့် အတွက် ဝေဖန်မှုများ ခံရချိန်တွင် မန်ယူနည်းပြ အဖြစ်နှင့် မိမိ၏ နည်းပြဘဝကို အဆုံး သတ်မည် မဟုတ်ကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောသည်။

လန်ဒန် အောက်တိုဘာ ၁၆

လန်ဒန်မြို့၌ ယမန်နေ့က ယှဉ်ပြိုင်ခဲ့သော လက်ဝှေ့ပြိုင်ပွဲတွင် ဗြိတိန်လက်ဝှေ့ကျော် ဂျော့ခ်ျဂရုဗ်သည် တစ်နိုင်ငံတည်းသား ဂျေမီကော့ကို စတုတ္ထ အချီမှာပင် ပြင်းထန်သော ညာပင့်လက်သီးဖြင့် ပြန်မထလာနိုင်အောင် အလဲထိုးကာ ၎င်းရရှိထားသည့် WBA 'Super' ကမ္ဘာ့စူပါမစ်ဒယ် ဝိတ်တန်း ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည်။

Page 1 of 118