SJ WorldNews - шаблон joomla Авто

ဘိန်းစိမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Tuesday, 14 November 2017 10:58 font size decrease font size decrease font size increase font size increase font size

တာချီလိတ် နိုဝင်ဘာ  ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၌ ဘိန်းစိမ်းနှင့် စိတ်ကြွဆေးပြားများကို   ယမန်နေ့ ညနေပိုင်းက သိမ်းဆည်းရမိကြောင်း  တာချီလိတ်မြို့မ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၁၁ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၃ဝ) တာချီလိတ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် သစ္စာလမ်းနှင့် ခွာညိုလမ်းထောင့်

ရှမ်းရွှေမြေကားဂိတ်အနီး မိုင်းဆတ်သို့သွားရောက်မည့် ခရီးသည်တင်ကားကို စောင့်ဆိုင်းနေသည့် မနန်းကူ ၄၁ နှစ်၊ မနန်းခေါင်လူ ၁၇ နှစ်၊ မနန်းစံငွေ ၁၇ နှစ်၊ မနန်းနုယဉ် ၁၈ နှစ်၊ မောင်ဆန်လူး၂၈ နှစ်တို့ ငါးဦးအား မူးယစ်ဆေးဝါး သတင်းအရ စစ်ဆေးရှာဖွေရာ မနန်းကူထံမှ ဘိန်းစိမ်းအမည်းရောင် အစေးအလေးချိန်  ၅ ဒသမ၂ ကီလိုဂရမ်၊ မောင်ဆန်လူးထံမှ ဘိန်းစိမ်းအမည်းရောင် အစေး အလေးချိန် ၅ ဒသမ ၂ ကီလိုဂရမ်၊ မနန်းခေါင်လူထံမှ ဘိန်းစိမ်း အမည်းရောင် အစေးအလေးချိန် ၅  ဒသမ ၃ ကီလိုဂရမ်၊ မနန်းစံငွေထံမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂ဝဝဝ  ပြား၊ အလေးချိန် ၂ဝဝဂရမ် နှင့်  ဘိန်းစိမ်းအမည်းရောင် အစေးအလေးချိန် ၆ ဒသမ ၂ ကီလိုဂရမ်ခန့်၊    မနန်းနုယဉ်ထံမှ ဘိန်းစိမ်းအမည်းရောင်  အစေးအလေးချိန် ၅ ဒသမ ၈  ကီလိုဂရမ်တို့အား  သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍  ဖမ်းဆီးရမိသူများအား  တာချီလိတ် မြို့မရဲစခန်းက    အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း  သိရသည်။                         

Read 5 times Last modified on Tuesday, 14 November 2017 10:59