SJ WorldNews - шаблон joomla Авто

မော်လိုက်မြို့၌ ရေယာဉ်တစ်စင်း နစ်မြုပ်မှုဖြစ်ပွား

Tuesday, 14 November 2017 10:55 font size decrease font size decrease font size increase font size increase font size

မော်လိုက်  နိုဝင်ဘာ  ၁၃

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ မြို့မ(၂)ရပ်ကွက် ကျောက်မြောင်းရပ်ရှိ ဓာတ်ပေါင်းစုစေတီ အရှေ့ဘက် ချင်းတွင်းမြစ်ကမ်းတွင်   ယမန်နေ့ နံနက် ၁၁ နာရီခွဲက ရေယာဉ်နစ်မြုပ်မှု ဖြစ်ပွားကြောင်း     သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၁၁ နာရီခွဲက မော်လိုက်မြို့ မြို့မ(၂)ရပ်ကွက် ကျောက်မြောင်းရပ်ရှိ ဓာတ်ပေါင်းစုစေတီ အရှေ့ဘက် ချင်းတွင်းမြစ်ကမ်းတွင် ကျော်နိုင်စိုး ၃၂ နှစ် တံတားဦးရပ်ကွက် မော်လိုက်မြို့နေသူ မောင်းနှင်သည့် မော်လိုက်-ညောင်ပင်ဝန်း ကူးတို့ရေယာဉ်သည် ခရီးသည်အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးနှင့် ဆန်အိတ် ၄၃ အိတ် တင်ဆောင်၍ ညောင်ဝန်းကျေးရွာမှ မော်လိုက်မြို့သို့ မောင်းနှင်လာစဉ် စက်ချွတ်ယွင်း၍ ရေစီးနှင့်အတူမျောပါကာ ကမ်း၌ကပ်ထားသည့် ပြည့်ဝနိုင် ကုန်တင်ရေယာဉ်အား တိုက်မိကာနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

ကူးတို့ရေယာဉ်နစ်မြုပ်မှုကြောင့် ခရီးသည်များ ထိခိုက်သေဆုံးမှု မရှိဘဲ ဆန် ၄၃အိတ်မှာ ရေစိုပျက်စီးခဲ့ကြောင်း သိရသည်။ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ဥပဒေနှင့်အညီ အရေးယူရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။       

Read 141 times Last modified on Tuesday, 14 November 2017 10:56