SJ WorldNews - шаблон joomla Авто

ကျောက်မဲမြို့၌ ကျောက်စိမ်းတုံးများ သိမ်းဆည်းရမိ

Tuesday, 14 November 2017 10:53 font size decrease font size decrease font size increase font size increase font size

ကျောက်မဲ  နိုဝင်ဘာ  ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ကျောက်မဲမြို့အိုရီယမ်တယ် တိုးဂိတ်တွင် ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ခွဲက မော်တော်ယာဉ်အတွင်း အံဝှက်ပြုလုပ်၍ သယ်ဆောင်လာသော ကျောက်စိမ်းတုံးများ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်မဲမြို့မရဲစခန်းမှ ဒုတိယရဲအုပ် ကောင်းမြတ်ကျော်  ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ တရားမဝင် ကျောက်မျက်များ သယ်ဆောင်လာကြောင်း သတင်းအရ ကျောက်မဲမြို့ ပြည်ထောင်စုလမ်းမကြီး အိုရီယမ်တယ် တိုးဂိတ်တွင် ပိတ်ဆို့စစ်ဆေး ရှာဖွေရေး ဆောင်ရွက်နေစဉ် နောင်ချိုမှ လားရှိုးဘက်သို့ ယာဉ်မောင်း  စိုင်းရန်နိုင်ဦး ၂၈ နှစ်(ဘ)ဦးမျိုးမြင့်အောင်၊ အိုရီယမ်တယ်ဟိုက်ဝေး ဝန်ထမ်းအိမ်ရာ ၁ဝ၅ မိုင် မူဆယ်မြို့နေသူ မောင်းနှင်လာသည့် SHN 3E/---Toyota MARK X အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေခဲ့သည်။

မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်စက်ခန်းရှိ အင်ဂျင်ရှေ့တွင် အံဝှက်ပြုလုပ်၍ လည်းကောင်း၊   ယာဉ်နောက်ခန်းရှိ ထိုင်ခုံနောက်တွင် အံဝှက်ပြုလုပ်၍ လည်းကောင်း တိပ်အဝါများ ပတ်ထားသည့် ဆာလာအိတ်များအတွင်း ကျောက်စိမ်းဟု ယူဆရသော ကျောက်တုံးဆိုဒ်စုံအတုံး ၄ဝ ပါ ၅ အိတ်၊ အတုံး ၁၃ဝပါ ၂ အိတ်၊ အတုံး ၅ဝ ပါတစ်အိတ်၊ ၁၅ တုံးပါ ၃ အိတ်၊ ၆ တုံးပါ  တစ်အိတ် စုစုပေါင်းဆာလာအိတ် ၁၂ အိတ် အတွင်းမှ ကျောက်စိမ်းတုံးဆိုဒ်စုံ ၅၆၁ တုံး  စုစုပေါင်းအလေးချိန် ၅၄၂ ဒသမ ၄ ကီလိုဂရမ်ခန့်ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင်ကျောက်စိမ်းတုံးများ သယ်ဆောင်လာသူ ယာဉ်မောင်း စိုင်းရန်နိုင်ဦးကို ကျောက်မဲမြို့မ ရဲစခန်းက(ပ)၄၁၁/၂ဝ၁၇၊ ကျောက်မျက်အက် ၄၂(က) အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။ 

Read 6 times Last modified on Tuesday, 14 November 2017 10:54