SJ WorldNews - шаблон joomla Авто

လျှပ်စစ်ကြေးနန်းကြိုး ခိုးယူသူများကို ဖမ်းဆီးရမိ

Tuesday, 14 November 2017 10:50 font size decrease font size decrease font size increase font size increase font size

နောင်ချို  နိုဝင်ဘာ  ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် လောင်ဖန်းကျေးရွာ Crown ဘိလပ်မြေစက်ရုံ အနီးဝန်းကျင်မှ လျှပ်စစ်ကြေးနန်းကြိုး ခိုးယူသူများအား ယမန်နေ့  နံနက် ၇ နာရီက ခိုးယူ ခဲ့သော လျှပ်စစ်ကြေးနန်းကြိုးများနှင့် အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ နောင်ချိုမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်နိုင်အေး ဦးစီးသော နယ်ထိန်းတပ်ဖွဲ့ဝင်များသည် နယ်မြေအေးချမ်းသာယာရေး အတွက် လုံခြုံရေးလှည့်ကင်းများကို ဆောင်ရွက်နေစဉ် ယမန်နေ့ နံနက် ၄နာရီက နောင်ချိုမြို့နယ် လောက်ဖန်းကျေးရွာ Crown ဘိလပ်မြေစက်ရုံဝင်း အပြင်ဘက်ရှိ   စက်ရုံပတ်လမ်းပေါ်တွင် အောင်မြတ်စိုး၊ အောင်သန်းဇော်တို့ နှစ်ဦးနှင့် အရှည်ပေ ၂ဝ၊  လုံးပတ်ငါးမူးခန့် လျှပ်စစ်ကြေးနန်းကြိုး သုံးချောင်း   ဖြတ်တောက်စုပုံထားသော လျှပ်စစ်ကြေးနန်းကြိုး တစ်ပိဿာခန့်ရှိ အပိုင်းအစငါးချောင်း၊ တန်ဖိုးငွေကျပ် ၂ဝဝဝဝဝ  ခန့် တွေ့ရှိရသဖြင့်  စစ်ဆေးရာ    ခိုးယူဖြတ်တောက်ထားကြောင်း  သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်မြတ်စိုး  ၂၁ နှစ် စက်ရုံလုပ်သား Crown ဘိလပ်မြေ စက်ရုံဝင်း၊ အောင်သန်းဇော် ၁၉ နှစ် စက်ရုံလုပ်သား၊   Crown  ဘိလပ်မြေစက်ရုံဝင်း လောက်ဖန်းကျေးရွာ နောင်ချိုမြို့နယ်နေသူ နှစ်ဦးတို့ကို    နောင်ချိုမြို့မရဲစခန်းက (ပ) ၁၂၃/၂ဝ၁၇၊   ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉/၅၄ ဖြင့်    အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Read 5 times Last modified on Tuesday, 14 November 2017 10:51