SJ WorldNews - шаблон joomla Авто

သစ်များ တရားမဝင် တင်ဆောင်ထားသည့် ယာဉ်တစ်စီး သိမ်းဆည်းရမိ

Friday, 13 October 2017 08:55 font size decrease font size decrease font size increase font size increase font size

သံဖြူဇရပ် အောက်တိုဘာ ၁၂

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စက်သစ်ရပ်ကွက် အောင်ဆန်းလမ်း၌ ယမန်နေ့ ည ၁၂ နာရီခွဲက သစ်များတရားမဝင် တင်ဆောင်ထားသည့် ယာဉ်တစ်စီး သိမ်းဆည်းရမိကြောင်း သိရသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် သစ်တော ဦးစီးဌာန ဦးစီးမှူး ဦးလှမြင့်နှင့် ဝန်ထမ်းများ၊ သံဖြူဇရပ်မြို့မ ရဲစခန်းမှ ဒုတိယ စခန်းမှူး ရဲအုပ်မင်းဌေးမောင်မောင်နှင့် တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အောင်ဆန်းလမ်း၌ တရားမဝင် သစ်များတင်ဆောင်ထားသည့်   ယာဉ်တစ်စီး ရပ်တန့်ထားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ မုဒုံမြို့ မြို့မ(၁) ရပ်ကွက်နေ သိန်းဝင်း မောင်းနှင်သည့် နစ်ဆန်းအမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်တွင် တရားမဝင် တင်ဆောင်ထားသော ကတွတ် သစ်ခွဲသားများကို တွေ့ရှိ၍ သိမ်းဆည်းခဲ့သည်။ အဆိုပါ သစ်ခွဲသားများကို မြို့နယ်သစ်တော ဦးစီးဌာနမှ စစ်ဆေးတိုင်းတာပြီး ယာဉ်မောင်း သိန်းဝင်းကို သစ်တော ဥပဒေနှင့်အညီ အရေးယူရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 26 times Last modified on Friday, 13 October 2017 08:56