SJ WorldNews - шаблон joomla Авто

စိတ်ကြွဆေးပြား သယ်ဆောင်လာသူ အမျိုးသမီးသုံးဦးကို ဖမ်းဆီးရမိ

Thursday, 12 July 2018 12:27 font size decrease font size decrease font size increase font size increase font size

မိုးမောက်   ဇူလိုင်  ၁၁

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကျောက်စခန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယမန်နေ့ကငွေကျပ် ၁၅၂ သန်းတန်ဖိုးရှိ စိတ်ကြွဆေး ပြားများ သယ်ဆောင်လာသူ    အမျိုးသမီး သုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဗန်းမော်မြို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု(၁)မှ ရဲအုပ်ခါးလီ ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ မိုးမောက်မြို့ ကျောက်စခန်းရဲကင်းမှူး    ရဲအုပ်ထွန်းမြင့်အောင်၊ ဗန်းမော်ခရိုင်   မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ စိတ်မှ ရဲအုပ်မြင့်ထူး၊ အကောက်ခွန် ဦးစီးဌာနမှ အကောက် ခွန်မှူး ဦးစော အယ်ဒိုးတို့ ပါဝင်သည့် အဖွဲ့သည် မူးယစ်ဆေး ၀ါး သတင်းအရ ကျောက်စခန်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စောင့်ဆိုင်းနေစဉ် လွယ်ဂျယ်မှ မြစ်ကြီးနားသို့ ထွက်ခွာလာသည့် ဂျိန်းဖောဧရာ ယာဉ်လိုင်းအသင်းမှ   ဇေယျာလင်း(ခ) သဲမောင်   မောင်းနှင်လာပြီး ပန်ဆိုင်းမြို့ နေသူများဖြစ်သည့် မဂျီးပါ(ခ) ရွယ်နူး၊ မကော့ရှောင်နှင့်  ဒေါ်ဂျာဖာတို့ လိုက်ပါလာသည့် ပါဂျဲရိုးယာဉ်ကို  မသင်္ကာ၍ ဗန်းမော်မြို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၁)ရုံးသို့ ခေါ်ဆောင်စစ်ဆေးရာ  မော်တော် ယာဉ်နောက်ခန်းရှိ စပယ်ယာဘီး အတွင်းမှ ပလတ်စတစ်အိတ်များဖြင့် ထည့်လျက် တံဆိပ်မပါ စိတ်ကြွဆေးပြား ၅၇၀၀၀၊ ယာဉ်၏  ဒက်ရှ်ဘုတ်အောက် အံဝှက်အတွင်းမှ ပလတ်စတစ်အိတ်များဖြင့်ထည့်လျက်    တံဆိပ် မပါ စိတ်ြွကဆေးပြား ၁၉၀၀၀   စုစုပေါင်း စိတ်ကြွဆေးပြား ၇၆၀၀၀  ကာလတန်ဖိုးငွေကျပ် ၁၅၂ သန်းကို   ရှာဖွေ တွေ့ရှိသိမ်း ဆည်းရမိခဲ့သည်။

ဆက်လက်၍ ၎င်းတို့ကို စစ်ဆေးမေးမြန်းရာ အဆိုပါ မူးယစ်ဆေးဝါးများကို ပန်ဆိုင်း မြို့နေသူ ဦးလနောင် က ပို့ဆောင် ခိုင်းခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မဂျီးပါ(ခ) ရွယ်နူး၊ မကော့ရှောင်နှင့် ဒေါ်ဂျာဖာတို့ကို မယ(ပ) ၁၉/ ၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားပြီး ဦးလနောင်ကို  ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                         

Read 6 times Last modified on Thursday, 12 July 2018 12:50