SJ WorldNews - шаблон joomla Авто

သားဖြစ်သူက ဖခင်ကို အိမ်ပေါ်မှကန်ချသဖြင့် ဖခင်ဖြစ်သူသေဆုံး

Thursday, 12 July 2018 12:21 font size decrease font size decrease font size increase font size increase font size

မိုင်းဖြတ်   ဇူလိုင်  ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် ခရိုင် မိုင်းဖြတ်မြို့နယ် ဆွပ်ပလောင်းကျေးရွာ၌ ယမန်နေ့ ည ၁၀ နာရီက သားဖြစ်သူက ဖခင်ဖြစ်သူကို   နေအိမ်ပေါ်မှကန်ချသဖြင့် ဖခင်ဖြစ်သူသေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုင်းဖြတ်မြို့နယ် ဆွပ်ပလောင်း ကျေးရွာ၌ ဖခင်ဖြစ်သူ ဦးဒါဝိဒ်နှင့် သားဖြစ်သူ ကျလယ်တို့စကားများ ရန်ဖြစ်ရာမှ သားဖြစ်သူက ဖခင်ဖြစ်သူကို နေအိမ်အမြင့်  ၅ ပေခန့်မှကန်ချသဖြင့်   ဖခင်ဖြစ်သူမှာ အိမ်အောက် သို့ပြုတ်ကျကာ ဒဏ်ရာများ ရရှိသဖြင့် မိုင်းဖြတ်မြို့ နယ်ပြည် သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးခဲ့ခြင်းဖြစ် သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဖခင်ဖြစ်သူအား နေအိမ်ပေါ်မှ ကန်ချသူ ကျလယ်ကို မိုင်းဖြတ်မြို့ ရဲစခန်းက (ပ) ၁၁/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ  ၃၀၄(က)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 5 times Last modified on Thursday, 12 July 2018 12:22