SJ WorldNews - шаблон joomla Авто

စိတ်ကြွ ဆေးပြား သုံးစွဲရောင်းချ နေသူကိုဖမ်းဆီးရမိ

Thursday, 12 July 2018 12:20 font size decrease font size decrease font size increase font size increase font size

ဖယ်ခုံ  ဇူလိုင်  ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် ကုရင်ကျေးရွာအုပ်စု ညောင်မွန်းကျေးရွာ၌ ယနေ့နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေသူတစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ နယ်ထိန်းခေါင်းဆောင် ရဲအုပ် သန့်ဇင်ဟိန်း၊  ဒုတိယတပ်ကြပ်အောင်မျိုး နှင့်တပ်ဖွဲ့ဝင်များသည် ဖယ်ခုံမြို့နယ် ကုရင်ကျေးရွာအုပ်စု   ညောင်မွန်းကျေးရွာနေ ကျော်မင်းခိုင်၏နေအိမ်ကို ၀င်ရောက်ရှာဖွေ ရာ ကျော်မင်းခိုင်ကို နေအိမ်အိပ်ခန်းအတွင်း အသင့်တွေ့ရပြီး ၎င်း၏ဘေးမှ အနက်ရောင်တိပ်ဖြင့်ပတ်လျက် ကော်ဘူးငယ် အတွင်းWY စာတန်းပါ ပန်းရောင်စိတ်ြွကဆေးပြား  ၁၀၉ ပြား၊  အစိမ်းရောင်သုံးပြားစုစုပေါင်း  စိတ်ြွကဆေးပြား ၁၁၂ ပြား ကာလတန်ဖိုး ငွေကျပ်  ၂၂၄၀၀၀ ကို   ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသည်။

ဆက်လက်၍ ကျော်မင်းခိုင်ကို စစ်ဆေး မေးမြန်းရာ အဆိုပါ မူးယစ်ဆေးဝါးများမှာ ဖယ်ခုံအင်း အရှေ့ဘက် ကမ်းတွင်   တွေ့ရှိသော ကယန်းအမျိုးသားတစ်ဦးထံမှဆေးပြား ၄၀၀ ကို တစ်ပြားလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် သုံးစွဲရန်နှင့်ရောင်းချရန်အတွက်  ၀ယ်ယူခဲ့ရာမှ  ကျန်ရှိပစ္စည်းများဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်မင်းခိုင်ကို မယ(ပ)၈/၂၀၁၈၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)ဖြင့် ဖယ်ခုံမြို့မရဲစခန်းက အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

ကိုထွေး(ဖယ်ခုံ)

Read 5 times Last modified on Thursday, 12 July 2018 15:09