SJ WorldNews - шаблон joomla Авто

တရားမ၀င် သယ်ဆောင်လာသည့် ကျွန်း တံခါးချပ်နှင့် သစ်များ သိမ်းဆည်းရမိ

Thursday, 12 July 2018 12:19 font size decrease font size decrease font size increase font size increase font size

နောင်ချို  ဇူလိုင်  ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုနယ် ဘန့်ဘွေးကျေးရွာအနီး မန္တလေး-လားရှိုး ပြည်ထောင်စု လမ်းမကြီး၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ၁၂ ဘီးယာဉ်တစ်စီးပေါ်မှ တရားမ၀င်သယ်ဆောင်လာသည့်  ကျွန်းတံခါးချပ်များနှင့် ပိတောက်သစ်ခွဲသားများ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ နောင်ချို မြို့မရဲစခန်းမှ ရဲအုပ် တင်ဆန်းဦး  တာဝန်မှူး တာဝန်ထမ်းဆောင်နေစဉ် နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာ အနီး မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီး အိုရီယမ်တယ် တိုးဂိတ်အနီး တရားမ၀င် သစ်များ သယ်ဆောင် လာကြောင်း သတင်းအရ ပြင်ဦးလွင်ဘက်မှ လားရှိုးဘက်သို့ မန္တလေးတိုင်းဒေသကြီး   ပြည်ကြီး တံခွန်မြို့ နယ်နေသူ နေမျိုးအောင်မောင်းနှင်ပြီး မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်နေသူ ယာဉ် နောက်လိုက်   အောင်ကိုမင်း(ခ)ဘိုအောင်လိုက်ပါလာသည့်  ShN 8J/--- UD NISSAN DESEL ၁၂ ဘီး  ဖြူ/ပြာ ကျား ယာဉ်ကို  ရပ်တန့်စစ်ဆေးရှာဖွေရာ  ယာဉ်ပေါ်တွင် တရားမ၀င် သယ်ဆောင်လာသည့် ပိတောက်သစ်ခွဲသား ၁၈ ချောင်း (သုည ဒသမ ၃၄၃၂ တန်)နှင့် ကျွန်းတံခါးချပ် ခြောက်ချပ် (သုည ဒသမ ၁၇၀၄ တန်) စုစုပေါင်း တန်ဖိုးငွေကျပ်  ၅၁၃၆၀၀ ကို ရှာဖွေ တွေ့ရှိ သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နေမျိုးအောင်နှင့် အောင်ကိုမင်း(ခ) ဘိုအောင်တို့ကို  နောင်ချိုမြို့မ ရဲစခန်းက (ပ)၀၁၃/ ၂၀၁၈၊ ပြည်သူပိုင် ပစ္စည်းကာကွယ် စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။                           

Read 3 times Last modified on Thursday, 12 July 2018 12:20