SJ WorldNews - шаблон joomla Авто

ဆိုင်ကယ်တစ်စီး တိမ်းမှောက် တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

Thursday, 12 July 2018 11:59 font size decrease font size decrease font size increase font size increase font size

တာချီလိတ်   ဇူလိုင်  ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ယန်းကျောက် ကျေးရွာ တာချီလိတ်-ကျိုင်းတုံကားလမ်း၌ ယမန်နေ့ ည ၉ နာရီ ၄၅ မိနစ်က မော်တော် ဆိုင်ကယ်တစ်စီးတိမ်းမှောက်ကာ အမျိုးသား တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိမှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်ပွားရာ နေရာသို့ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူ အိုက်ခမ်းမှာ ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိပြီး ၎င်းနောက်တွင် လိုက်ပါလာသူ  အိုက်ထွန်းမှာ(စိုးရိမ်ရ) ဒဏ်ရာများဖြင့် တွေ့ရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍  တာချီလိတ်မြို့မ ရဲစခန်းက ယာဉ်(ပ) ၂၃/၂၀၁၈၊ ရာဇသတ် ကြီးဥပဒေပုဒ်မ     ၂၇၉/၃၃၈/ ၃၀၄ (က)ဖြင့်  အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 2 times Last modified on Thursday, 12 July 2018 12:19