SJ WorldNews - шаблон joomla Авто

သတင်းအရ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ဆေးပြားများ သိမ်းဆည်းရမိ

Thursday, 14 June 2018 09:05 font size decrease font size decrease font size increase font size increase font size

မူဆယ် ဇွန် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ယမန်နေ့ ညနေ ၅ နာရီက မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြားများ သိမ်းဆည်း ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၅ နာရီက မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်လှုပ်ရှားအဖွဲ့မှ ရဲအုပ်မြတ်လင်းနိုင် ဦးစီးသော တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ မူဆယ်မြို့ စွမ်စော်ရပ် ကွက်နေ ယော်ဖာဆိုင် ၅၄ နှစ်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ယော်ဖာဆိုင်အား နေအိမ်ဧည့်ခန်းအတွင်း အသင့်တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ ၎င်းအိပ်ခန်းအတွင်း ခုတင်ခေါင်းရင်း သစ်သားစင်ပေါ်ရှိ အဖြူရောင် ရေနွေးအိုးအတွင်း ပန်းရောင်စိတ်ကြွ ဆေးပြား၂ဝဝဝ ပြား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယော်ဖာဆိုင်ကို မူဆယ်မြို့မ ရဲစခန်းက မယ(ပ)၇၃/၂ဝ၁၈၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉ (က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Read 31 times Last modified on Thursday, 14 June 2018 09:08