SJ WorldNews - шаблон joomla Авто

ရွှေဘိုမြို့၌ ဆိုင်ကယ် ခိုးယူသူနှစ်ဦး ဖမ်းဆီးရမိ

Thursday, 14 June 2018 08:58 font size decrease font size decrease font size increase font size increase font size

ခင်ဦး ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ ယမန်နေ့ ည ၇ နာရီကဆိုင်ကယ်ခိုးယူသူ နှစ်ဦးဖမ်းဆီးရမိကြောင်း မြို့မရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနှင့် မြို့မရဲစခန်းမှူး ဒုတိယ ရဲမှူးတို့၏ အနီးကပ် ကြီးကြပ်မှုဖြင့် နယ်ထိန်းခေါင်းဆောင် ရဲအုပ်မြတ်ဘုန်းပိုင်နှင့် အဖွဲ့သည် သက်သေများနှင့်အတူ နယ်မြေ အတွင်း လှည့်ကင်းတာဝန်များ ဆောင်ရွက်နေစဉ် ယမန်နေ့ည ၇ နာရီ က ရွှေဘိုမြို့နယ် အမှတ်(၂)ရပ်ကွက် ကျုံးတော်ရပ်အတွင်း ကျုံးကြားလမ်းရှိ ဦးစိန်လင်း ကားဝပ်ရှော့အနီးတွင် အောင်ဆန်းဦး ၂၈ နှစ် ကျုံးတော် တွင်းရပ်အမှတ်(၂)ရပ်ကွက် ရွှေဘိုမြို့နေသူသည် HONDA WAVE – 100 အစိမ်းပုပ်ရောင် ဆိုင်ကယ်တစ်စီး အား ရှေ့ဒူးကာများဖြုတ်နေသည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာ ဆိုင်ကယ်ကို ယမန်နေ့ ညနေ၄ နာရီက ရွှေဘိုပြည် သူ့ဆေးရုံ အရိုး/အကြော အထူးကုဆောင်ရှေ့မှ ဇက်သော့ချိုး၍ ခိုးယူလာသော ဆိုင်ကယ်ဖြစ်ကြောင်း သက်သေများရှေ့တွင်ထွက်ဆိုသဖြင့် သိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ဆန်းဦးကို ရွှေဘိုမြို့မရဲစခန်းက(ပ)၄၅၇/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄ ဖြင့် အမှုဖွင့်ထားသည်။ အလားတူ ရွှေဘိုမြို့ အမှတ်(၁ဝ)ရပ်ကွက် တပ်မြို့ေ တာင်ရပ်နေ ဦးနန္ဒနေအိမ်မှ GPS တပ်ထားသော ထိုင်းနိုင်ငံထုတ် Click အမျိုးအစား ဖြူ/နီညိုရောင် ဆိုင်ကယ်တစ်စီးကို ယနေ့နံနက် ၃ နာရီက အခိုးခံရကြောင်း စခန်းသို့လာရောက်တိုင်တန်းသဖြင့် ၎င်းဆိုင်ကယ်တွင် တပ်ထား သော GPS အားခြေရာခံကြည့်ရာ ရွှေဘိုမြို့နယ် မင်းကျောင်းကျေးရွာ အရှေ့ဘက်တွင် ရောက်ရှိနေကြောင်း သိရသဖြင့် လိုက်လံဖမ်းဆီးရာ လင်းထက်အောင် (ခ) မင်းထက်အောင် ၁၇ နှစ် နတ်တောင်ရွာဟောင်း ကျေးရွာ စဥ့်ကူးမြို့နယ်နေသူ ဖြစ်ကြောင်း သိရပြီး ၎င်းကိုစစ်ဆေးရာ ဆိုင်ကယ်နှင့် SAMSUNG GALAXY J5 PRO ဖုန်းတစ်လုံးကို ခိုးယူခဲ့ကြောင်း သက်သေများရှေ့တွင် ဝန်ခံထွက်ဆိုသဖြင့် ထပ်မံသိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လင်းထက်အောင် (ခ)မင်းထက်အောင်ကို ရွှေဘိုမြို့မရဲစခန်းက (ပ)၄၅၈/၂ဝ၁၈၊ ရာဇ သတ်ကြီး ဥပဒေပုဒ်မ ၃၈ဝ/ကျင့် ၅၄ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Read 7 times Last modified on Thursday, 14 June 2018 09:01