SJ WorldNews - шаблон joomla Авто

မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချသူအား ဖမ်းဆီးရမိ

Thursday, 17 May 2018 10:16 font size decrease font size decrease font size increase font size increase font size

မိတ္ထီလာ မေ ၁၆

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မြို့မ(၄)ရပ်ကွက် ဆိုင်းတန်းရပ်ရှိ လွတ်လပ်ရေးပန်းခြံ အနောက်ဘက် ကန်ပတ်လမ်းပေါ်၌ ယနေ့နံနက် ၁ဝ နာရီတွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးေ ရာင်းချသူအား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းအရ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ကျော်ထင်၏ အနီးကပ် ကြီးကြပ်ကွပ်ကဲမှုဖြင့် နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် ရန်နိုင်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ သွားရောက် စုံစမ်းခဲ့ရာ ၄ဝ ယ/---- ဆိုင်ကယ်စီးနင်းလာသော ပြုံးချိုအား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာ ၎င်းလွယ်ထားသော ရောင်စုံသိုးမွေးလွယ်အိတ်အတွင်းမှ တိပ်အနက်ဖြင့်ပတ်ထားပြီး ပလတ်စတစ်အိတ်အပြာ အတွင်း၌ (88/1)စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉ဝ နှင့် ငွေစက္ကူ ရောရာ ၁ဝဝဝဝ ကျပ်တိတိအား ရှာဖွေတွေ့ရှိခဲ့သဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့်သိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြုံးချိုအား မြို့မရဲစခန်း မယ(ပ)(၂/၂ဝ၁၈) မူး/စိတ်ပုဒ်မ ၁၉(က)/၂ဝ(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Read 11 times Last modified on Thursday, 17 May 2018 10:19