SJ WorldNews - шаблон joomla Авто

တရားမဝင် သစ်စက်များနှင့် သစ်များ သိမ်းဆည်း ရမိ

Thursday, 17 May 2018 10:14 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မယ်စဲ့မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မေ ၁၅ ရက် နံနက် ၁၁ နာရီခန့်တွင် နန့်မန်းကျေးရွာ၏ မြောက်ဘက် ၅ မိုင်ခန့် အကွာသို့ အရောက်၌ တရားမဝင် သစ်စက်နှစ်ခုကို တွေ့ရှိရပြီး အဆိုပါနေရာများမှ ကျွန်းသစ်လုံးခြောက်လုံး၊ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၉ဝ၄ ချောင်း၊ ပိတောက်ခွဲသား ၈ဝ ချောင်းနှင့် သစ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် သစ်ခွဲစက်နှစ်လုံး၊ လွှဝိုင်း တစ်ခုနှင့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ တရားမဝင်သစ် ၁၇ တန်ခန့်နှင့် ဆက်စပ်ပစ္စည်းများကို မယ်စဲ့မြို့နယ်၊ သစ်တော ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Read 30 times Last modified on Thursday, 17 May 2018 10:16