SJ WorldNews - шаблон joomla Авто

လားရှိုးမြို့၌ ဆိုင်ကယ်ဖြင့် ဆွဲကြိုးဖြတ်ပြေးသူများအား ဖမ်းဆီးရမိ

Thursday, 17 May 2018 09:12 font size decrease font size decrease font size increase font size increase font size

လားရှိုး မေ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက်(၁)၌ ယမန်နေ့ နံနက်ပိုင်းက အမျိုးသမီး တစ်ဦးထံမှ ဆိုင်ကယ်ဖြင့် ဆွဲကြိုးဖြတ်ပြေးသူများအား ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ လားရှိုးမြို့နေ ဒေါ်စန္ဒာလွင်သည် နေအိမ်မှ ကလေးငယ်နှစ်ဦးအား စာသင်ရန် သွားရောက်စဉ် သစ္စာလမ်းအရောက်တွင် ၎င်းဆိုင်ကယ်နောက်မှ အမည်မသိလူနှစ်ဦး ဆိုင် ကယ်ဖြင့် လိုက်လာပြီး ဆွဲကြိုးကို ဆွဲယူပြေးသဖြင့် ဒေါ်စန္ဒာလွင်နှင့် ရပ်ကွက်နေပြည်သူများ လိုက်လံဖမ်းဆီးသဖြင့် ဆွဲကြိုးဖြတ်ပြေးသူနှစ်ဦး၏ ဆိုင်ကယ်မှာ မေတ္တာလမ်းအရောက် တွင် လဲကျပြီး မေတ္တာလမ်းရှိ နေအိမ်ခြံဝင်း အတွင်းသို့ ဝင်ရောက်ပုန်း နေစဉ် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဖမ်းဆီးစစ်ဆေးရာမှ မန်ပူးရွာ နမ့်ခမ်းမြို့နယ်နေ နေမျိုး(ခ)နိုင်မျိုး(ခ) သားကြီး၂ဝ နှစ်နှင့် တပ်ကြီးကုန်း မှော်ဘီမြို့နယ်နေ မိုးဇော်(ခ)မြတ်ဇော် ၃၅ နှစ်တို့ဖြစ်ကြောင်း သိရပြီး ငါးရိုးခြင်းဆွဲကြိုး ၃ ကျပ်သား တန်ဖိုးငွေကျပ် ၂၉၃ဝဝဝဝ ကို ပြန်လည် သိမ်း ဆည်းရမိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နေမျိုး(ခ)နိုင်မျိုး(ခ)သားကြီးနှင့် မိုးဇော်(ခ)မြတ်ဇော်တို့နှစ်ဦးကို လားရှိုးမြို့မ ရဲစခန်းက (ပ)၁၇၈/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

Read 30 times Last modified on Thursday, 17 May 2018 09:15