SJ WorldNews - шаблон joomla Авто

မူးယစ်ဆေးဝါး သိမ်းဆည်း ရမိ

Thursday, 17 May 2018 09:10 font size decrease font size decrease font size increase font size increase font size

ဝိုင်းမော် မေ ၁၆

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၌ ယမန်နေ့နံနက် ၆ နာရီခွဲက နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း သိရသည်။ ဖြစ်စဉ်မှာ မြစ်ကြီးနား မူးယစ်ဆေးဝါး တား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂)မှ ဒုတိယ ရဲအုပ်ကျော်ကျော်တင့်ဆွေနှင့် တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာ ရပ်ကွက်(၅)နေ မဆိုင်မွန် ၂၄ နှစ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ် အိပ်ခန်းအတွင်း တွေ့ရှိပြီး ဆက်လက်ရှာဖွေရာ အိပ်ခန်းအတွင်း မိန်းမဝတ်အင်္ကျီဖြင့် ဖုံးအုပ်ချိတ်ဆွဲထား သည့် အနက်ရောင် ကြွပ်ကြွပ်အိတ် အတွင်းမှ အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်ရှစ်အိတ်ဖြင့် ထည့်ထားသော 88/1 စာတန်းပါ စိတ်ကြွဆေးပြား ၁၅၆ဝ ပြားနှင့် ခေါင်းရင်းထရံတွင် ချိတ်ဆွဲထားသည့် လက်ဆွဲအိတ်အတွင်းရှိ ရောင်စုံဆပ်ပြာခွက် လေးခွက်အတွင်းမှ ဘိန်းဖြူအမှုန့် ၄၄ ဂရမ်ကို ရှာဖွေ သိမ်းဆည်းရမိသဖြင့် မေးမြန်းရာ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများမှာ ၎င်း၏ ခဲအိုေ တ်ာစပ်သူ ဆန်းမွန်း ၄၃ နှစ်မှတစ် ဆင့်ပြန်လည်ရောင်းချရန် ပို့ဆောင်ထားသည့် မူးယစ်ဆေးဝါးများဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

ထိုသို့စစ်ဆေးသိရှိရသဖြင့် ဖမ်းဆီးရေးအဖွဲ့က ဆန်းမွန်း၏ နေအိမ်သို့ သွားရောက်ရှာဖွေရာ ၎င်းကို နေအိမ်၌ အသင့်တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ နေအိမ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲရာ၌ အသုံးပြုသည့် အအေးစုပ် ပိုက်တပ်ဆင်ထားသည့် ကော်ဘူးတစ်ဘူးနှင့် မူးယစ်ဆေးဝါး ရောင်းရငွေကျပ် ၅၉ဝဝဝ ကို ရှာဖွေသိမ်းဆည်း ရမိသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မဆိုင်မွန်နှင့် ဆန်းမွန်းတို့နှစ်ဦးကို ဝိုင်းမော်မြို့မရဲစခန်းက မယ(ပ)၅၄/ ၂ဝ၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂ဝ(က)/၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 4 times Last modified on Thursday, 17 May 2018 09:12