SJ WorldNews - шаблон joomla Авто

မောင်တောမြို့အနီး နတ်မြစ်အတွင်း လှေတစ်စင်းပေါ်မှ ငွေကျပ်သိန်းပေါင်း ၅ဝဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ သိမ်းဆည်း ရမိ

Wednesday, 16 May 2018 10:01 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၁၅

ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီးရှိ နတ်မြစ်အတွင်း တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် မောင်နီကျေးရွာ၏ အနောက်ဘက် မီတာ ၃ဝဝဝ ခန့်အကွာ၌ တစ်ဖက်နိုင်ငံဘက်သို့ လှော်ခတ်သွားနေသည့် မသင်္ကာဖွယ် လှေတစ်စင်းအား တွေ့ရှိသဖြင့် မီးအချက်ပြ ခေါ်ယူရာ လှေအား ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လှော်ခတ် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ လှေ ပေါ်ပါသူများမှာ နတ်မြစ်အတွင်း ခုန်ချထွက်ပြေးသွားခဲ့ပြီး အလျား ၁၅ ပေ၊ အနံ ၃ ပေ၊ ရေစူးသုည ဒသမ ၅ ပေခန့်ရှိ လက်ခတ်လှေတစ်စင်းပေါ်မှ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၇၃ဝဝဝ ပြား(ခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၅ဝဝဝ ကျော်)အား ပိုင်ရှင်မဲ့ တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်း ရမိလှေနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား မောင်တောမြို့နယ်၊ မကျီးချောင်းရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Read 13 times Last modified on Wednesday, 16 May 2018 10:04