SJ WorldNews - шаблон joomla Авто

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်၌ လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံး

Wednesday, 14 March 2018 10:10 font size decrease font size decrease font size increase font size increase font size

တောင်ကြီး မတ် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်၌ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်တိုင်ပေါ်တက်၍ ဓာတ်ကြိုးတက်ရောက်ပြင်ရာမှ ဓာတ်လိုက်ပြုတ်ကျပြီး ဆေးကုသမှု ခံယူနေစဉ်သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် နယ်မြေ(၇)နေ ဌေးမြင့်သိန်း ၁၉ နှစ်သည် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ သဇင်လမ်းတွင် ဓာတ်တိုင်ပေါ်တက်၍ ဓာတ် ကြိုးပြင်ရာမှ ဓာတ်လိုက်ပြုတ်ကျခဲ့မှုကြောင့် ဌေးမြင့်သိန်းတွင် မျက်နှာအရေခွံကွာ၊ ဝဲနားထင်ချိုင့်ဝင်၊ ဝဲ/ယာ လက်နှစ်ဖက် အရေခွံကွာ၊ ဝဲတံတောင်ဆစ်ချိုင့်ဝင်ဒဏ်ရာများ ရရှိခဲ့သဖြင့် တောင်ကြီးစဝ်စံထွန်း ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဌေးမြင့်သိန်း ဓာတ်လိုက်သေဆုံးမှုသည် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/ မဟုတ် စစ်ဆေးသိရှိစေနိုင်ရန်အတွက် တောင်ကြီးနယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၇/၂ဝ၁၈ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Read 123 times Last modified on Wednesday, 14 March 2018 10:19