SJ WorldNews - шаблон joomla Авто

နေအိမ်အတွင်းမှ ၁၃၆ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Wednesday, 14 March 2018 10:10 font size decrease font size decrease font size increase font size increase font size

လားရှိုး မတ် ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာ ရပ်ကွက်(၄)ရှိ နေအိမ်တစ်အိမ်အား မူးယစ် ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ ငွေကျပ် ၁၃၆ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်း ရ မိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၅ နာရီက အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စု လားရှိုးမှရဲအုပ် စောထင်လင်း ဦးစီးအဖွဲ့ နှင့် ဒုတိယရဲအုပ် ဇော်လှိုင်စိုး ဦးစီးအဖွဲ့သည် အမျိုးသမီးသက်သေများနှင့်အတူ လားရှိုးမြို့နယ် မယ်ဟန် ကျေးရွာ ရပ်ကွက်(၄) ရတနာဂုဏ်ရည်လမ်းနေ မအေးဆမ်၏ နေအိမ်တွင် မူးယစ်ဆေးဝါး ရှာဖွေခွင့်ဝရမ်း အမှတ် ၂၈/၁၈ ဖြင့်ဝင်ရောက်ရှာဖွေရာ မအေးဆမ်အား နေအိမ်တွင် အသင့်တွေ့ရှိရပြီး ၎င်းဝတ်ဆင်ထား သည့်လုံချည်အတွင်းမှ အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်လျက် တိပ်အကြည်ဖြင့် ပတ်ထားပြီး မိုင်းကိုင် စက္ကူဖြင့် ထုပ်ထားသော အပြာရောင် ကပ်ခွာအိတ်တစ်အိတ်လျှင် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၂ဝဝ ပြားစီပါ ၁ဝ ထုပ်စည်း သုံးထုပ်ပါအထုပ်ကြီး တစ်ထုပ်နှင့် ၂ဝဝ ပြားစီပါ လေးထုပ် စုစုပေါင်း ဆေးပြား ၆၈ဝဝ ပြား အလေးချိန် ၆၁၂ ဂရမ်ခန့် တန်ဖိုးငွေကျပ် ၁၃၆ သိန်းကို ရှာဖွေတွေ့ရှိသဖြင့် သက်သေ များရှေ့တွင်ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အေးဆမ်ကို လားရှိုးမြို့မ ရဲစခန်းက (ပ)၄၄/၂ဝ၁၈၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 76 times Last modified on Wednesday, 14 March 2018 10:18