SJ WorldNews - шаблон joomla Авто

မီးစက်အတွင်းသို့ ဓာတ်ဆီထည့်ရာမှ မီးလောင်မှု ဖြစ်ပွား

Wednesday, 14 March 2018 10:10 font size decrease font size decrease font size increase font size increase font size

ကလေး မတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ် နန်းဗဟိုရ်ကျေးရွာ၌ ယမန်နေ့ ညနေ ၄ နာရီ မိနစ် ၂ဝ က ဟွန်ဒါမီးစက်အတွင်းသို့ ဓာတ်ဆီထည့်သွင်းရာမှ ပွတ်တိုက်မှုဖြစ်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကလေးမြို့နယ် စခန်းကြီးကျေးရွာအုပ်စု နန်းဗဟိုရ်ကျေးရွာနေ ဒေါ်စီစီလွင် ၄၈ နှစ်၏နေအိမ်၌ မီးလောင်မှုဖြစ်ပွားနေကြောင်း ကလေးခရိုင် မီးသတ်စခန်းသို့ ညနေ၄ နာရီခွဲက တယ်လီဖုန်းဖြင့် သတင်း ပေးပို့ချက်အရ ကလေးခရိုင်မီးသတ်ဦးစီးဌာန ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်စန်း ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၉ ဦး၊ ကလေးတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဝေလွင်ဖြိုး၊ ကော်မတီအဖွဲ့ဝင် ဦးသန်းနွယ်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဥာဏ်လှိုင်ဦးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ပြည်သူ များနှင့်အတူ မီးငြှိမ်း သတ်ယာဉ်လေးစီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ရာ ညနေ ၅ နာရီတွင် မီးငြိမ်းသွား ကြောင်းသိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ထရံကာ၊ ပျဉ်ခင်း၊ သွပ်မိုး (ပေ ၃ဝx ပေ ၃ဝ)မြေစိုက် လူနေအိမ်တစ်လုံးနှင့် ဟွန်ဒါမီးစက်တစ်လုံးတို့ မီးလောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်း မီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန်များ ထိခိုက် မှုမရှိကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ စီစီလွင်ကို ကလေးမြို့မရဲစခန်းက (ပ)၂၅ဝ/၂ဝ၁၈၊ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Read 88 times Last modified on Wednesday, 14 March 2018 10:18