SJ WorldNews - шаблон joomla Авто

ရေနွေးအိုး တည်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်

Wednesday, 14 March 2018 10:10 font size decrease font size decrease font size increase font size increase font size

ကလေး မတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ် နတ်ချောင်းကျေးရွာ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ရေနွေးအိုးတည်ထားရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကလေးမြို့နယ် နတ် ချောင်းကျေးရွာအုပ်စု နတ်ချောင်းကျေးရွာ နယ်မြေ(၁)နေ ဒေါ်နီနီ ၇၂ နှစ်နေအိမ်တွင် မီးလောင်မှု ဖြစ်ပွားနေ ကြောင်း တာဝန်သိပြည်သူတစ်ဦးက နတ်ချောင်းနယ်မြေ မီးသတ်စခန်းသို့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်က လာရောက် သတင်းပေးပို့သဖြင့် နယ်မြေမီးသတ်စခန်းမှ ဒုတိယ ဦးစီးမှူး ဦးဟိန်းဇော် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်ငါးဦး၊ ကလေးခရိုင်မီးသတ် ဦးစီးဌာန ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်စန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ငါးဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဥာဏ်လှိုင်ဦးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များသည် ပြည်သူများနှင့်အတူ မီးငြှိမ်းသတ်ယာဉ်နှစ်စီးဖြင့် ဝိုင်းဝန်းမီးငြှိမ်း သတ်ရာ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားသည်။

မီးလောင်ကျွမ်းမှုကြောင့် ဝါးကပ်ကာ၊ ပျဉ်ခင်း၊ သွပ်မိုး(၁၅ ပေx၁၂ ပေ)သုံးပင်နှစ်ခန်း တစ်ထပ်မြေစိုက် လူနေအိမ်တစ်လုံးနှင့် ရှေ့မျက်နှာစာတွင် ဆောက်လုပ်ထားသော သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း(၁ဝ ပေx၁ဝ ပေ) သုံးပင်နှစ်ခန်း၊ စတားဆိုင်ကယ်ပြုပြင်ရေးဆိုင်နှင့် ၎င်းဆိုင်အတွင်းရှိ ဆိုင်ကယ် ၁ဝ စီးတို့ မီးလောင်ကျွမ်း ဆုံးရှုံးသွားကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။ ဖြစ်စဉ် နှင့်ပတ်သက်၍ နီနီကို ကလေးမြို့မရဲစခန်းက(ပ)၂၅ဝ/၂ဝ၁၈၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရအမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Read 114 times Last modified on Wednesday, 14 March 2018 10:18