SJ WorldNews - шаблон joomla Авто

ရှေ့မှမောင်းနှင်နေသော ယာဉ်ကို ကျော်တက်ရာမှ ယာဉ်တိမ်းမှောက်မှုဖြစ် တစ်ဦးသေဆုံး

Wednesday, 14 March 2018 10:10 font size decrease font size decrease font size increase font size increase font size

လားရှိုး မတ် ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၆၇/၁)နှင့် (၁၆၇/၂) ကြားတွင် ယာဉ်တစ်စီးရှေ့မှ မောင်းနှင်နေသော ယာဉ်ကိုကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှော က်မှု ဖြစ်ပွားပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၄ နာရီခွဲက အမှတ်(၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စု လားရှိုးမှ ဒုတိယရဲအုပ်သီဟထွန်းသည် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ယာဉ်မောင်းကျောက်စန်း ၆ဝ နှစ် နောင်မွန်ကျေးရွာ လားရှိုးမြို့နယ် နေသူမောင်းနှင်ပြီး လောက်ဝမ်း ၄၅ နှစ် လိုက်ပါလာသော 4G/--- TOYOTA HILUX အဖြူရောင်ယာဉ်သည် လားရှိုး ဘက်မှ နောင်မွန်ကျေးရွာဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာ အရောက်တွင် ရှေ့မှမောင်းနှင်နေသော မော်တော်ယာဉ်ကို ကျော်တက်စဉ်မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်မောင်းနှင်လာသည်ကို တွေ့ရှိရသဖြင့် ယာဉ် အားလမ်း၏ဝဲဘက်သို့ တိမ်းရှောင်ရာမှ အရှိန်လွန်ပြီး တိမ်းမှောက်ခြင်းဖြစ်ပွားကြောင်း သိရသည်။ ယာဉ်တိမ်း မှောက်မှုကြောင့် လောက်ဝမ်းတွင် ဝဲဘက်ဒူးခေါင်းပွန်းပဲ့ဒဏ်ရာနှင့် ယာခြေသလုံး ပေါက်ပြဲ ဒဏ်ရာများ ရရှိပြီး ယာဉ်မောင်းကျောက်စန်းတွင် ဦးခေါင်းနောက်စေ့ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးနေသည်ကို တွေ့ရသဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ရဲဆေးစာဖြင့် တင်ပို့ထားရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းကျောက်စန်းကို လားရှိုးမြို့မရဲစခန်းက ယာဉ်(ပ)၇/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/၃၃၇/၃ဝ၄-က အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Read 79 times Last modified on Wednesday, 14 March 2018 10:18