SJ WorldNews - шаблон joomla Авто

ခရီးသည်တင်ယာဉ်နှင့် ၁၂ဘီးယာဉ် မျက်နှာချင်းဆိုင် တိုက်မိ၍ လမ်းကြော ရှင်းလင်းနေစဉ် မော်တော်ယာဉ် တစ်စီးက ထပ်မံဝင်တိုက်

Friday, 12 January 2018 10:06 font size decrease font size decrease font size increase font size increase font size

သာစည်   ဇန်နဝါရီ   ၁၁

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးကားလမ်းမိုင်တိုင်အမှတ် (၃၄/ဝ)နှင့် (၃၄/၁) ကြားတွင်   ယမန်နေ့ နံနက်၂ နာရီခန့်က ယာဉ်နှစ်စီးမျက်နှာချင်း ဆိုင်ဝင်တိုက်မိသောကြောင့် လမ်းကြော ရှင်းနေစဉ်  ၁၂ဘီးယာဉ်က အရှိန်မထိန်းနိုင်ဘဲ ထပ်မံဝင်ရောက် တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ကြီးဘက်မှာ နေပြည်တော်ဘက်သို့ တောင်ကြီးမြို့နယ် အေးသာယာ ရပ်ကွက်နေသူ သီဟထွန်း ၃၂ နှစ် မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် 4G/----  နှင့် သာစည်ဘက်မှ  တောင်ကြီးဘက်သို့ ဝမ်းတွင်းမြို့ နေသူ ထိန်ဝင်းမောင်းနှင်လာ သည့် 1M/--- ၁၂ဘီးယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိသဖြင့် တာဝန်ရှိသူများက ယာဉ်ကြော ရှင်းလင်းနေစဉ် အောင်ပန်းမှ မိတ္ထီလာဘက်သို့ အောင်ပန်းမြို့နယ်နေသူ ခန့်ညားအောင် မောင်းနှင် လာသည့် ၆ဗ/--- ၁၂ ဘီးယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲတိမ်းရှောင်စဉ် ယာဘက်ချောက်ထဲ ထိုးကျမည်ပြုစဉ် ယာဉ်

နောက်လိုက် စိမ်းမင်းထွန်းမှာယာဉ်ပေါ်မှခုန်ချရာ  ယာဉ်၏ယာဘက်ဒုတိယဘီး နှင့်ဦးခေါင်းအား ကြိတ်မိ သေဆုံး သွားသည်။

ယာဉ်မှာအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသည့် ခရီးသည် တင်ယာဉ်၏ ဝဲဘက်ကား နောက်မီးခွက်ကို  ချိတ်မိကာ ယာဉ်တိုက်မှုဖြစ်ပွားနေသည့် ၁၂ ဘီးယာဉ်၏ ဝဲဘက်ဘော်ဒီကို  ထပ်မံတိုက်မိခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ခန့်ညားအောင်ကို  ယင်းမာပင်နယ်မြေ ရဲစခန်းက ယာဉ်(ပ)၂/၂ဝ၁၈ ရာဇ သတ်ကြီး ဥပဒေပုဒ်မ ၃ဝ၄(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

Read 99 times Last modified on Friday, 12 January 2018 10:07