SJ WorldNews - шаблон joomla Авто

လိုက်ထရပ်ယာဉ် တစ်စီးတိမ်းမှောက် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိ

Friday, 12 January 2018 10:06 font size decrease font size decrease font size increase font size increase font size

တမူး  ဇန်နဝါရီ  ၁၁

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ရန်လင်းဖိုင် ကျေးရွာအထွက် တမူး-ကလေး မော်တော်ကားလမ်း မိုင်တိုင်အမှတ် (၁၂၅/၅) နှင့် (၁၂၆)ကြား၌ ယမန်နေ့မွန်းလွဲ ၁ နာရီ၁၅ မိနစ်က   လိုက်ထရပ်ယာဉ်တစ်စီး  ဆိုင်ကယ်ကို ရှောင်တိမ်းရာမှ တိမ်းမှောက်ပြီး  ယာဉ်ပေါ်ပါ ၁၁ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ တမူးမြို့နယ် ရန်လင်းဖိုင်ကျေးရွာ အထွက် တမူး-ကလေးမော်တော်ကားလမ်း မိုင်တိုင်အမှတ် (၁၂၅/၅)နှင့်(၁၂၆)ကြား၌  တမူးမြို့နယ် ထန်းတပင်ကျေးရွာမင်္ဂလာ ဆောင်ပွဲမှ ပြန်လာသည့် ကလေးမြို့နယ် ကျွန်းတောကျေးရွာနေ မောင်မောင်တင်  ၃၁ နှစ် မောင်းနှင်သည့် လိုက်ထရပ်ယာဉ် 8G/---- မှာ ဆိုင်ကယ်ကို  ရှောင်တိမ်းရာမှ  တိမ်းမှောက်ရာ ကလေးမြို့နယ် စီးစံကျေးရွာနေသူများဖြစ်ကြသော ဦးရှိန်းခုံး ၅၆ နှစ် (ဘ) ဦးနှုံးကမ်ပါ ၁၁ ဦးမှာ  ဒဏ်ရာများရ ရှိခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ မောင်မောင်တင်ကို တမူးမြို့မရဲစခန်းမှ ယာဉ်(ပ)အမှတ် ၁/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ  အမှုဖွင့်အရေးယူထားကြောင်း  သိရသည်။

Read 100 times Last modified on Friday, 12 January 2018 10:06