SJ WorldNews - шаблон joomla Авто

စိတ်ကြွ ဆေးပြား သိမ်းဆည်းရမိ

Friday, 12 January 2018 09:22 font size decrease font size decrease font size increase font size increase font size

ဖားကန့်  ဇန်နဝါရီ  ၁၁

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း မိုးညှင်းမြို့၌ ယမန်နေ့က ငွေကျပ် ၈၅ သိန်း ကျော်တန်ဖိုးရှိ   မူးယစ် ဆေးဝါးများ သိမ်းဆည်း ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၃)မှ ရဲအုပ်နေလင်းဦးစီးသည့် တပ်ဖွဲ့ဝင်များ သည် မူးယစ်ဆေးဝါးများ ရောင်းဝယ် သုံးစွဲနေကြောင်း သတင်းအရ သက်သေများနှင့်ပူးပေါင်း၍ လုံးခင်းကျေးရွာ ရပ်ကွက်(၅)နေ မမွန်းဂျာနှင့် အောင်ဟိန်းတို့၏ နေအိမ်ခန်းအားရှာဖွေ စစ်ဆေးရာ နော်တောင်ဆိုသူအား နေအိမ်

အပေါက်ဝတွင် စစ်ဆေးတွေ့ရှိရပြီး ဆက်လက် ရှာဖွေစစ်ဆေးရာ နော်တောင်ဝတ်ဆင်ထား သည့် အင်္ကျီအပေါ် အိတ်ကပ် အတွင်းမှ အပြာရောင်ကပ်ခွာ အိတ်အတွင်း ကာလတန်ဖိုး ငွေကျပ်ကိုးသိန်းရှိ စိတ်ကြွဆေးပြား ၁၈ဝ ပြား ရှာဖွေသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍ အခန်းအတွင်း ဆက်လက် စစ်ဆေးရှာဖွေရာ မွန်းဂျာနှင့် အောင်ဟိန်း တို့နှစ်ဦး၏ အိပ်ခန်းအတွင်းရှိ ဖက်ခေါင်းအုံး အတွင်း အပြာရောင်ကပ်ခွာအိတ် ရှစ်အိတ်တွင် ကာလတန်ဖိုးငွေကျပ် ၇၆၇၅ဝဝဝဝ ရှိ ၈၈/၁ စာတန်းပါစိတ်ကြွ ဆေးပြား ၁၅၃၅ ပြားအား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နော်တောင်၊ မွန်းဂျာ နှင့်အောင်ဟိန်းတို့သုံးဦးအား လုံးခင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းက မယ(ပ)၅/၂ဝ၁၈၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ အရအမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

Read 6 times Last modified on Friday, 12 January 2018 10:06