SJ WorldNews - шаблон joomla Авто

ရန်ကုန်-နေပြည်တော်အမြန်လမ်း၌ ယာဉ်တိုက်မှုဖြစ်ပွား

Thursday, 11 January 2018 11:07 font size decrease font size decrease font size increase font size increase font size

ကျောက်တံခါး ဇန်နဝါရီ ၁ဝ

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-နေပြည်တော် အမြန်လမ်း၌ ယမန်နေ့နံနက် ၁ဝ နာရီခွဲက ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-နေပြည်တော်အမြန်လမ်း မိုင်တိုင်အမှတ်(၉ဝ/ဝ)နှင့် (၉ဝ/၁)အကြား မင်္ဂလာတောင် ညွန့်မြို့နယ် ပုသိမ်မြို့ရပ်ကွက်နေ ယာဉ်မောင်း အောင်ကျော်မြင့်၄၈ နှစ် မောင်းနှင် လာသော ယာဉ်အမှတ် 1F/----CYGNUS အမျိုးအစား အဖြူရောင် မော်တော် ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့မှပျော်ဘွယ်မြို့ ဖွဲတင်းကျေးရွာနေ ယာဉ်မောင်းကျော်သူစိုး မောင်းနှင် လာသော ယာဉ် အမှတ် ၁က၊ ---- NISSANအမျိုးအစား အဖြူရောင်မော်တော် ယာဉ် ၏နောက်ပိုင်းကို ဝင်ရောက်တိုက်မိရာ ယာဉ်ပေါ်ပါ သံဃာနှစ်ပါးမှာ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိသဖြင့် မြို့ချောင်း တိုက်နယ်ဆေး ရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းအောင်ကျော်မြင့်ကို မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းက ယာဉ်(ပ) ၁/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇/၃၃၈ ဖြင့် အရေးယူ ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

Read 14 times Last modified on Thursday, 11 January 2018 11:11