SJ WorldNews - шаблон joomla Авто
ညောင်ရမ်း

ညောင်ရမ်း

ညောင်ဦး  စက်တင်ဘာ  ၂ဝ

ပြည်တွင်းပြည်ပ ခရီးသွားများအတွက် ဧရာဝတီမြစ်အတွင်းမှ ပုဂံနေဝင်ချိန် ညနေရှုခင်းကြည့် ခရီးစဉ်အတွက် Cruise De Bagan သင်္ဘော စတင်ပြေးဆွဲပေးနေပြီ ဖြစ်ကြောင်း Cruise De Bagan အုပ်စု ဒါရိုက်တာအဖွဲ့ဝင် ဦးစိုးစိုးထံမှ သိရသည်။

ရန်ကုန်  စက်တင်ဘာ ၂ဝ

ပြည်တွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ  မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့် အညီဖွဲ့စည်းမှတ်ပုံတင်ထားသည့် အများနှင့် သက်ဆိုင်သော ကုမ္ပဏီများအနက် အများပြည်သူသို့ တရားဝင် အစု ရှယ်ယာ ရောင်းချခွင့်ရှိသော ကုမ္ပဏီလေးခု  ထပ်မံတိုးမြှင့်ထားကြောင်း သိရသည်။

ရန်ကုန် စက်တင်ဘာ  ၂ဝ

ပြည်တွင်းရှိ ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ပြန်လည်သန်စွမ်းနိုင်ရေး လေ့ ကျင့်မှုများ လုပ်ဆောင်နိုင်ရန် ပြန်လည်သန်စွမ်းမှု လေ့ကျင့်ကုသရေးယူနစ် ဖွဲ့စည်း၍ ကုသပေးနေကြောင်း Asia Royal Hospital မှ သိရသည်။

ရန်ကုန်  စက်တင်ဘာ   ၂ဝ

ယခုဘဏ္ဍာနှစ်၏ ကုန်သွယ်မှုတွင် သွင်းကုန်ပမာဏ  ပိုမိုများပြားနေသော်လည်း ယခုနှစ်အတွင်း သွင်းကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ကုန်ပစ္စည်းတင်သွင်းမှု အမေရိကန်ဒေါ်လာ ၉၃ သန်း၊ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းအမေရိကန်ဒေါ်လာသန်း ၈ဝဝ နီးပါးနှင့် လူသုံးကုန်ပစ္စည်း အမေရိကန်ဒေါ်လာသန်း ၃၉ဝ ခန့် ပိုမိုတင်သွင်း ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ထံမှ သိရသည်။

နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် မြို့မဈေးကြီး အတွင်း၌ ရောင်းချနေသည့် ဟင်းသီးဟင်းရွက်၊ စား သောက်ကုန်နှင့် ဆေးဝါးများကို ယနေ့နံနက်ပိုင်းတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ဆောင်ရွက်ကြသည်။

ကိုရီးယား သမ္မတနိုင်ငံသို့ ရောက်ရှိနေသော ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် စက်တင်ဘာ ၁၉ ရက် ညပိုင်းတွင် ကိုရီးယားကြည်းတပ် ဦးစီးချုပ် General Kim Yong-woo က (၁ဝ)ကြိမ်မြောက် ပစိဖိတ်ကြည်းတပ် ဦးစီးချုပ် များ အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများမှ ကြည်းတပ် ဦးစီးချုပ်များအား ဟန်မြစ်တွင်းသွား သင်္ဘောပေါ်တွင် တည်ခင်းဧည့်ခံသည့် နှုတ်ဆက်ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

ဗီယက်နမ် အစိုးရသည် ယခုလက်ရှိ မခန့်မှန်းနိုင်သေးသော နေရောင်ခြည်စွမ်းအင် ထုတ်လုပ်မှု ပမာဏမှ ၂ဝ၂ဝ ပြည့် နှစ်တွင် မဂ္ဂါဝပ် ၈၅ဝ၊ ၂ဝ၂၅ ခုနှစ်တွင် မဂ္ဂါဝပ် ၄ဝဝဝ နှင့် ၂ဝ၃ဝ ပြည့်နှစ်တွင် မဂ္ဂါဝပ် ၁၂ဝဝဝ ခန့်အထိ တိုးမြှင့် ထုတ်လုပ်ရန် စီစဉ်လျက်ရှိကြောင်း နိုင်ငံ၏အဓိက လျှပ်စစ်စွမ်းအား ထုတ်လုပ်မှုနှင့် နေရောင်ခြည်စွမ်းအင် ဖြန့်ဝေ သည့်ကုမ္ပဏီက စက်တင်ဘာ ၂ဝ ရက်တွင်ပြောသည်။

တာလတ်ပစ် ဒုံးကျည်တပ်ဖွဲ့များ ဆိုင်ရာ သဘောတူညီချက် (INF) မှ အမေရိကန် နုတ်ထွက်ရန် ဆုံးဖြတ်မည်ဆိုပါ က ရုရှားအနေဖြင့် လုံလောက်သော တုံ့ပြန်မှုများကို လုပ်ဆောင်နိုင်ဖွယ်ရှိသည်ဟု ရုရှားအစိုးရ အဆင့်မြင့် အရာရှိ တစ်ဦးက စက်တင်ဘာ ၂ဝ ရက်တွင် ပြောသည်။

Page 1 of 115