SJ WorldNews - шаблон joomla Авто

ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါ ရှာဖွေ ကုသရေးအတွက် မြို့နယ်ပေါင်း ၇ဝ အထိ တိုးချဲ့ ဆောင်ရွက်မည်

Wednesday, 22 November 2017 13:10 font size decrease font size decrease font size increase font size increase font size

နေပြည်တော် နိုဝင်ဘာ ၂၁

၂ဝ၁၇ ခုနှစ်တွင် ကျေးလက်ဒေသများ၌ ဆီးချိုသွေးချိုရောဂါနှင့် သွေးတိုးရောဂါ ရှာဖွေကုသပေးမည့် အစီ အစဉ်ကို မြို့နယ်ပေါင်း ၇ဝ အထိ တိုးချဲ့ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ကမ္ဘာတစ်ဝန်းလုံးတွင် ပျံ့နှံ့နေသည့် အဆိုပါ ဆီးချိုသွေး ချိုနှင့် သွေးတိုးရောဂါ ရှာဖွေကုသ ပေးနိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် ပူးပေါင်း၍ ၂ဝ၁၇ ခုနှစ် အစပိုင်းမှ စတင်ပြီး မြို့နယ်ပေါင်း ၂ဝ ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်အတွင်းတွင် မြို့နယ်ပေါင်း ၇ဝ အထိ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် တိုးချဲ့ဆောင်ရွက်မည့် မြို့နယ်ပေါင်း ၇ဝ မှ ကျေးရွာများတွင် ဆီးချိုသွေးချိုနှင့် သွေးတိုး ရောဂါများ ရှာဖွေကုသပေးမည့် အစီအစဉ်တွင် အခြေခံ ကျန်းမာရေး ဝန်ထမ်းများက ပြည်သူလူထုအတွင်း ကျန်းမာရေး အသိပညာပေးခြင်း၊ အသက် ၄ဝ နှစ်နှင့်အထက် ဆီးချိုသွေး ချိုရောဂါ ဖြစ်နိုင်ခြေရှိသူများကို အခမဲ့ရောဂါရှာဖွေ ထုတ်ဖော်ခြင်း၊ နောက်ဆက်တွဲ ပြဿနာ ရောဂါရှိသူများကို ကုသပေးခြင်း၊ လိုအပ်သလို လွှဲပြောင်းပေးခြင်းတို့ပါဝင်ပြီး ဆီးချိုသွေးချိုရောဂါများကို စောစီးစွာ ဖော်ထုတ် ကုသပေးခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ကြိုတင် ကာကွယ်နိုင်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

Read 59 times Last modified on Wednesday, 22 November 2017 13:10