SJ WorldNews - шаблон joomla Авто

သုံးစွဲရန် မသင့်သော အလှကုန် ပစ္စည်းများကို အများပြည်သူ သိရှိရန် အသိပေးကြေညာ

Sunday, 13 August 2017 10:36 font size decrease font size decrease font size increase font size increase font size

၁။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ် ကင်းရှင်းသော အလှကုန် ပစ္စည်းများကို အများပြည်သူ တို့သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲလျက်ရှိသည်။

၂။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသည် ပြည်တွင်း၌ ရောင်းချနေသည့် အလှကုန် ပစ္စည်းများကို စစ်ဆေးခဲ့ရာ အောက်ဖော်ပြပါ အလှကုန် ပစ္စည်းသုံးမျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်း မရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန် မသင့်လျော်ကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

၃။ အဆိပ်သင့် ဓာတုပစ္စည်းများသည် အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီ ကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ် အတွင်းသို့ စုပ်ယူ၍ ထုံကျဉ်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျ ရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ် ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်သည်။

၎။ အလှကုန် ပစ္စည်းတင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကား ဆိုင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်း မရှိသော အများပြည်သူ သုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများကို ကျင့်ဝတ် (Ethic)အရ လုံးဝ မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက ပြည်သူ့ ကျန်းမာရေး ဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ်(၃) (ဃ)အရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။                         

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Read 35 times Last modified on Sunday, 13 August 2017 10:41